Our social:

July 15, 2015

Google က အိန္ဒိယတွင် Android One Phone အသစ်တစ်လုံးကို ရောင်းချမည်


Google က ဇူလိုင် ၁၄ ရက်တွင် Android One Phone အသစ်တစ်လုံးကို ရောင်းချမည်ဟု Economic Times က ရေးသားထားပါသည်။ အိန္ဒိယပြည်တွင်း ကုမ္ပဏီ Lava က ထုတ်လုပ်မည့် ဖုန်းအသစ်ကို ရူပီး ၁၂ ၀၀၀ ( ဒေါ်လာ ၁၉၀) ၀န်းကျင်ဖြင့် ရောင်းချမည် ဖြစ်သည်။

အဆိုပါဖုန်းကို Lava နှင့် MediaTek တို့ ပူးပေါင်း ဖန်တီးခြင်း ဖြစ်ပြီး MediaTek SoC , 2GB RAM, 5” Display တပ်ဆင်ထားမည် ဖြစ်သည်။

Android One စမတ်ဖုန်းများကို Google က စံနှုန်း သတ်မှတ်ပေးထားပြီး ဖွံ့ဖြိုးဆဲနိုင်ငံများမှ စမတ်ဖုန်းကို စတင်အသုံးပြုမည့်သူများအတွက် ရည်ရွယ်ထားပါသည်။ Google က ဒီဇိုင်း၊ ဈေးကွက်၊ ထောက်ပံ့မှုနှင့် ဖွံ့ဖြိုးတိုးတက်မှုများကို စီမံခန့်ခွဲပါသည်။ Android One စမတ်ဖုန်းများတွင် Stock Android နှင့် နီးစပ်သော ဆော့ဝဲ မောင်းနှင်ထားပြီး စမတ်ဖုန်း ထုတ်လုပ်သူများ၏ အပိုဆော့ဝဲများမပါရှိပါ။ Security နှင့် System Updates များကို Google က ကိုင်တွယ်ပါသည်။

Android One ဖုန်းများကို ၂၀၁၄ တွင် အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ နီပေါ၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ သီရိလင်္ကာနှင့် အခြား တောင်အာရှနိုင်ငံများတွင် စတင်ရောင်းချပေးခဲ့ပါသည်။

Credit to ==> Myanmar Digital Life Journal

ညောင်ညိုသားလေးသို့ { ဒီမှာ } သွားလိုက်ပါ



0 comments:

Post a Comment