Our social:

September 27, 2014

မြေနိမ့်ရာလှံစိုက်ခံရသော မြန်မာအလုပ်သမားများနှင့် နာမည်ပျက်လာသော ထိုင်းနိုင်ငံမှ အပန်းဖြေစခန်းများ

                          

ထိုင်းနိုင်ငံမှ လိပ်ကျွန်းဟု အဓိပ္ပာယ်ရသည့် ကော့တောင်အို ကျွန်းတွင် လတ်တလောဖြစ်ခဲ့ သည့် လူသတ်မှုသည် ထိုင်းနိုင်ငံ ၏ လှပသောအပန်းဖြေစခန်းများ ပုံရိပ်နှင့် ခြားနားစွာ အရုပ်ဆိုး အကျည်းတန်လှသည်။
ကော့တောင်အိုအပန်းဖြေ ကျွန်းမှာ ဗြိတိန်ကမ္ဘာလှည့်ခရီး သည်အသက် (၂၃)နှစ်အရွယ် အမျိုးသမီးဟန်နာဝီသာရစ်ခ်ျနှင့် အသက်(၂၄)နှစ်အရွယ် အမျိုး သားဒေးဗစ်မေလာတို့ ရက်ရက် စက်စက်အသတ်ခံလိုက်ရသည့် သတင်းသည် ကမ္ဘာတစ်ဝန်းကို အုတ်အော်သောင်းတင်းဖြစ်သွား စေသည်။
စက်တင်ဘာ ၁၅ ရက်က ကမ်းခြေသန့်ရှင်းရေးသမားများ က သူတို့နှစ်ဦး၏ ကိုယ်လုံးတီး ရုပ်အလောင်းများကို မီတာ ၂၀ ခန့် အကွာအဝေးတွင် ကမ်းခြေ ကျောက်တုံးများအကြားမှ တွေ့ ရှိခဲ့၏။ ရုပ်အလောင်းတွေအနား တွင်တွေ့ရသည့် ကမ်းခြေက ဘားများ၌ မီးတိုင်စိုက်ထူရန်သုံး သည့်တူးရွင်းက ၎င်းတို့နှစ်ဦးကို သတ်ခဲ့သည့် အဓိကလက်နက်ဟု ယူဆရသည်။
ထိုင်းနိုင်ငံ အမျိုးသားရဲတပ် ဖွဲ့ ရဲချုပ်ဆွန်ရွတ်က လက်နက် များကိုကြည့်ရခြင်းအားဖြင့် လူ သတ်သမားများသည် အနည်းဆုံး နှစ်ဦးဖြစ်မည်ဟု သတင်းထောက် များအား ပြောကြားသည်။
ဟန်နာဝီသာရစ်ခ်ျသည် ခေါင်းမှဒဏ်ရာများကြောင့် သေ ဆုံးရခြင်းဖြစ်ပြီး ဒေးဗစ်မေလာမှာ ခေါင်းကိုအရိုက်ခံရပြီး ရေနှစ် သတ်ခံရခြင်းတို့ကြောင့် သေဆုံး ခဲ့ရသည်ဟု ထိုင်းရဲတပ်ဖွဲ့က ဆို သည်။ထိုင်းရဲတွေကတော့ မြေနိမ့် ရာလှံစိုက်ဆိုသလို အဆိုပါအပန်း ဖြေစခန်းများမှ အလုပ်ကြမ်းလုပ် ကိုင်နေသည့် မြန်မာအလုပ် သမားများကို လူသတ်မှုအတွက် အပြစ်ဖို့ချခဲ့ပါသည်။
‘‘ထိုင်းတွေက ဒါမျိုးတွေ မလုပ်ဘူး’’ဟု ထိုင်းတာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။
ထို့နောက် ထိုင်းရဲများက မြန်မာအလုပ်သမားများကိုဖမ်း ဆီးကာ စုံစမ်းမေးမြန်းခြင်း၊ ဒီ အင်န်အေ(ခေါ်) မျိုးရိုးဗီဇယူပြီး စစ်ဆေးခြင်းတို့ကို ပြုလုပ်ခဲ့ သည်။ မြန်မာအလုပ်သမားများ ကို ငှားရမ်းထားသော အလုပ်ရှင် များကိုလည်း စည်းကမ်းများတင်း ကျပ်လိုက်သည်။
သို့သော်လည်း ဒီအင်န်အေ စစ်ဆေးခြင်းအပါအဝင် စစ်ဆေး တွေ့ရှိရသောအထောက်အထား များအရ မြန်မာအလုပ်သမားများ နှင့်ပတ်သက်ခြင်းမရှိကြောင်း တွေ့ရပါသည်။ ထို့ကြောင့် တရား ခံရှာခြင်းက အနောက်တိုင်းသား များဆီသို့ဖြစ်သည်။
သေဆုံးသူဒေးဗစ်မေလာ နှင့် အခန်းအတူငှားနေခဲ့သူ ဗြိတိန်လူမျိုးခရစ္စတိုဖာအလန်ဝါ ရီကို အစ်ကိုဖြစ်သူဂျိမ်းစ်နှင့်အတူ ဘန်ကောက်လေဆိပ်မှာဖမ်းခဲ့ သည်။ စီးကရက်ပေါ်ကတွေ့ရ သော ဒီအင်န်အေစစ်ဆေးချက် အရ ဝါရီ၏ဒီအင်န်အေဖြစ်နေ သဖြင့် လောလောဆယ်မသင်္ကာ သူစာရင်းဝင်နေသည်။
နောက်ထပ်မသင်္ကာသူစာ ရင်းဝင်သူကား ထိုင်းလူမျိုးနှစ်ဦး ဖြစ်သည်။ ရှန်မက်ကာနာဆိုသည့် သေဆုံးသူအမျိုးသား၏မိတ်ဆွေ စကော့လူမျိုးက ထိုထိုင်းနှင့်ဦး သည် ၎င်းတို့အသတ်ခံရသည့် ညမှာ သူ့ကိုနှောင့်ယှက်နေကြ သည်ကို မြင်ခဲ့ရသည်ဟုဆိုသည်။ အသတ်ခံရသူအမျိုးသမီးကို ထို သူများက နှောင့်ယှက်၍ ဒေးဗစ် မေလာက ကယ်ဆယ်ရင်း သူပါ အသတ်ခံရခြင်းဖြစ်နိုင်သည်ဟု သူက ပြောကြားသည်။
မက်ကာနာက အဆိုပါထိုင်း များ၏ပုံကို အင်တာနက်ပေါ်တင် လိုက်ရာ အသက်အန္တရာယ်ခြိမ်း ခြောက်မှုများကြောင့် ယခုအခါ သူက အသက်ဘေးကလွတ် အောင်တိမ်းရှောင်နေရသည်။ ထိုင်းရဲတွေက အဆိုပါထိုင်းလူ မျိုးနှစ်ဦးကို စစ်ဆေးမေးမြန်းပြီး ပြန်လွှတ်ပေးခဲ့သည်။
‘‘ဒီပြဿနာကမလွယ်ဘူး။ ရဲတွေဟာ ပြည်တွင်းမီဒီယာတွေ တင်မကဘူး နိုင်ငံတကာက အမှု အခြေအနေနဲ့ပတ်သက်ပြီး ဖိအား ပေးတာခံနေရတယ်’’ဟု ဘန် ကောက်အခြေစိုက်သုတေသီ တစ်ဦးဖြစ်သူ ကွာဂီလ်ယာက ပြောသည်။
ဟန်နာဝီသာရစ်ခ်ျနှင့် ဒေး ဗစ်မေလာတို့ အသတ်ခံရမှုက နာမည်ကျော်မင်းသား လီယိုနာဒို ဒီကာပရီယိုရုပ်ရှင်ရိုက်ကူးခဲ့သည့် စာရေးဆရာအဲလက်စ်ဂါးလန်း၏ နာမည်ကျော်ကမ်းခြေဆိုသည့် ဝတ္ထုဇာတ်လမ်းထဲကလိုဖြစ်နေ သည်။ မူးယစ်ဆေးဝါးနှင့် အမျိုး သမီးများကို မတရားကျင့်မှုများ က ထိုင်းနိုင်ငံကို နာမည်ဆိုးဖြင့် ကျော်ကြားစေပြီး ဒုစရိုက်သမား များကို ဆွဲဆောင်နေသလိုဖြစ်ခဲ့ သည်။
လှပသော သဲဖြူသောင် ကမ်းခြေများ၊ ဘုရားကျောင်းကန် များနှင့် အရသာရှိသော အစား အသောက်များကြောင့် ထိုင်းနိုင်ငံ ကတစ်နှစ်ကို ကမ္ဘာလှည့်ခရီး သည် သန်း ၂၀ လောက်ကို လက် ခံနေရသည်။
လာရောက်သူအများစု အတွက်မူ ထိုင်းနိုင်ငံကဘေးကင်း ပြီး ပျော်စရာကောင်းသောခရီး စဉ်ဖြစ်ခဲ့ကြပါသည်။ သို့သော် ကံ မကောင်းသူအနည်းစုလည်းရှိပါ သည်။ ထိုင်းနိုင်ငံ၏ နာမည်ကျော် ပတ္တရားကမ်းခြေပင်လျှင် လု ယက်ခြင်း၊ ပစ်ခတ်ခြင်း၊ ကား တိုက်မိခြင်း၊ ရေနစ်ခြင်းစသည့် သတင်းဆိုးများဖြင့် ကျော်ကြား လာပါသည်။
ကော့်ဖဂန်အပန်းဖြေကျွန်း ၏ ကမ္ဘာကျော်လပြည့်ညပါတီ များမှာလည်း လိင်ပိုင်းဆိုင်ရာ စော်ကားခံရမှုများနှင့် မတရား ကျင့်ခံရမှုများရှိသည်ဟု သတင်း တွေထွက်နေသည်။
ထိုင်းဝန်ကြီးချုပ်သစ်ပါရာ ယွတ်ကတော့ ထိုကဲ့သို့ဖြစ်လာမှု များကြောင့် ဧည့်သည်များ၏ လုံခြုံဘေးကင်းရေးကို ဖြေရှင်း ဆောင်ရွက်ရမည့်အစား အသတ် ခံရသူများကိုသာ မဆင်မခြင်နေ ထိုင်မှုကြောင့်ဆိုပြီး လက်ညှိုးထိုး ခဲ့ပါသည်။
‘‘တစ်ဖက်ကလူတွေရဲ့ (အသတ်ခံရသူ ဟန်သာဝီသာ ရစ်ခ်ျနဲ့ ဒေးဗစ်မေလာ)အနေ အထိုင်ကိုလည်း ကျွန်တော်တို့က ကြည့်ရမယ်’’ဟု ဆိုသည်။
သို့သော်လည်း အဆိုပါပြော ကြားမှုနှင့်ပတ်သက်ပြီး ဘန် ကောက်မြို့က ဗြိတိသျှသံရုံးနှင့် လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့ များက ပြစ်တင်မေးမြန်းမှုများပြု လာသည့်အတွက် ပါရာယွက်မှာ ပြန်လည် တောင်းပန်ခဲ့ရပါသည်။ သို့သော် တောင်းပန်စကားတွင် သူက ဘီကီနီ(ခေါ်)ရေကူးဝတ်စုံ ဝတ်၍ ဘာမှမဖြစ်ဘဲဘေးကင်း နိုင်သူမှာ ရုပ်မလှသူများသာဖြစ် မည်ဟု ပြောထားပါသည်။
ဟန်နာဝီသာရစ်ခ်ျနှင့် ဒေး ဗစ်မေလာတို့ အသတ်ခံရမှုနှင့် ပတ်သက်ပြီး စုံစမ်းမှုများ ဘယ် လိုအခြေအနေရှိသည်ဆိုသည်ကို တော့ သူ့မိန့်ခွန်းမှာ ထိုင်းဝန်ကြီး ချုပ်ပါရာယွတ်က ပြောကြားခြင်း မရှိသည်ကို တွေ့ရသည်။ ထိုင်း နိုင်ငံ၏ အားအင်ချည့်နဲ့သော တရားရေးစနစ်ကို ကောင်း ကောင်းသိထားသူများအတွက် ထိုအဖြစ်အပျက်မျိုးက အံ့ဩ စရာမကောင်းလှပါ။


0 comments:

Post a Comment