Win RAR ဖိုင်ခွဲ ဖိုင်ဖြည် ပြုလုပ်နည်း
Win RAR ဘာကြောင့်ဖိုင်ခွဲ ပြီးဖိုင်ဖြည်ပြုလုပ်ကြတာလည်း Software တွေကိုဘာကြောင့် ပိုင်းပြီးတင်ကြတာလဲ မေးတဲ့သူတွေရှိလို့ ဒီပို့စ်လေးနဲ့ ရှင်းပြလိုက်ပါတယ် အဓိကထားပြီး အသုံးဝင်မှာကတော့ Win RAR အကြောင်း လုံးဝ မသိသေးတဲ့ တက်သစ်စ Blogger သစ်လေးများအတွက် ပိုပြီး အသုံးတည့်ပါလိမ့်မယ် ပြီးတော့ နည်းပညာ တွေကိုလေ့လာခါစ သူတွေအတွက် Software တွေကို Download လုပ်တဲ့အချိန်မှာ မဖြစ်မနေကြုံတွေ့လာရမဲ့ ဖိုင်ဖြည်နည်းလေးတွေပါပဲ စာနည်းနည်းရှည်သွားလည်းဆောရီးပါနော် လုံးဝ မသိသေးတဲ့သူတွေအတွက် အသေးစိတ်ရှင်းပြချင်လို့ပါ ရှင်းပြတယ်ဆိုတာကလည်း တော်လွန်း တတ်လွန်းလို့မဟုတ်ပါ ဝါသနာအရ နည်းပညာတွေကို လေ့လာရင်း သိသလောက်လေးများ ပြန်လည်မျှဝေခွင့်ရရင် ကျေနပ်နေသူတစ်ဦးပါ ဆောရီးပါ ရှင်းပြရင်း ကျွန်တော်အကြောင်း နည်းနည်းရှည်သွားလို့ပါ Blogger တွေက ဘာကြောင့် Software တွေကို ဖိုင်ခွဲပြီးတင်ကြရတာလည်းဆိုတော့ အကြောင်းအမျိုးမျိုးကြောင်းပါ Connection မကောင်းတဲ့သူတွေ ဖြည်းဖြည်းချင်းစီ ခွဲပြီးဒေါင်းနိုင်အောင်လို့ ဒါမှမဟုတ် မိမိကိုယ်တိုင် ဖိုင်ဆိုဒ်ကြီးတဲ့ Software တွေကို Free Upload မလုပ်နိုင်လို့ပါပဲ ဥပမာ www.mediafire.com မှာဆိုပါစို့ သူကတော့ 10GB Free ပေးပါတယ် ဒါပေမေ့ တစ်ကြိမ်ကို 200MB လို့သတ်မှတ်ပေးထားပါတယ် 200MB ကျော်တဲ့ Software တွေဆိုရင် သူကလက်မခံပါ သူလက်ခံအောင် Free တင်ချင်တယ်ဆိုရင်တော့ ဖိုင်ခွဲပြီးမှ တင်လို့ရပါမယ် ကဲ့ဒါဆိုရင် ကျွန်တော်တို့ Win RAR ဖိုင်ခွဲ ၊ ဖိုင်ဖြည် ၊ အကြောင်းစရအောင် အောက်မှာနမူနာအနေနဲ့ 1.50GB ရှိတဲ့ Microsoft Office 2010 ကိုပုံနဲ့တကွ ဖိုင်ခွဲ ဖိုင်ဖြည်နည်းလေးကို လုပ်ပြထားပါတယ် Win RAR , Win Zip ဆိုတာကလည်း ကွန်ပျူတာမှာ မရှိမဖြစ်လိုအပ်တဲ့ Software လေးတစ်ခုပါ မိမိတို့ ကွန်ပျူတာမှာ မရှိသေးဘူးဆိုရင်တော့ ဒီမှာဒေါင့် ယူသွားလိုက်ပါ ရှိပြီဆိုရင်တော့ ဖိုင်ခွဲ ဖိုင်ဖြည်နည်းလေးကို အောက်မှာကြည့်လိုက်ပါ.......
(၁) မိမိတို့ ကွန်ပျူတာမှာ Folder တစ်ခုတည်ဆောက်ပြီး မိမိပိုင်းလိုတဲ့ Software ကိုထည့်လိုက်ပါ Floder အသစ်တည်ဆောက်ခိုင်းတာက များရင် မျက်စိရှုပ်မှာစိုးလို့ ရှင်းရှင်းလေးဖြစ်သွားအောင် Floder အသစ်တည်ဆောက်ခိုင်းတာပါ ပထမဦးဆုံးအနေနဲ့ မိမိတို့ ပိုင်းလိုတဲ့ Software ရဲ့ GB , MB ပမာန ကြည့်ရအောင် အောက်ကပုံအတိုင်း လုပ်ကြည့်ပါ...
(၂) ဒီနေရာမှာ မိမိပိုင်းလိုတဲ့ File Size ကိုကြည့်လို့ရပါပြီ Software ကိုမပိုင်းခင် တစ်ခုသိရမှာကတော့ 1GB မှာ 1024MB ရှိပါတယ် 1MB မှာတော့ 1024KB ရှိပါတယ် အဲဒါကို သိပြီဆိုရင်တော့ မိမိတို့ ဘယ်နှစ်ပိုင်း ပိုင်းဖြတ်မလည်းဆိုတာကို အလွယ်တစ်ကူ တွက်ချက်လို့ရပါပြီ....
(၃) 1.50GB ရှိတဲ့ Microsoft Office 2010 ကို 500MB ပိုင်းဖြတ်ပါမယ် အောက်ကပုံကိုကြည့်ပါ
(၄) ဒီနေရာမှာလည်း အောက်ကပုံကိုကြည့်ပါ ကျွန်တော်ကတော့ 500 ရိုက်ထည့်ပြီး MB ကိုရွေးထားပါတယ် ဒီပုံကတော့ 500MB ယူမယ်ဆိုတဲ့ သဘောပါ မိမိစိတ်ကြိုက်ရွေးနိုင်ပါတယ် ရွေးပြီးပြီးဆိုရင်တော့ OK နှိပ်လိုက်ပါ
(၅) အောက်ကအနေအထားမှာတော့ သူဖိုင်ခွဲနေပါပြီ ခဏလေးစောင့်လိုက်ပါ
(၆) ဖိုင်ခွဲလို့ပြီးပါပြီ အပေါ်က အပိုင်းတစ်နဲ့ အပိုင်းနှစ်ကတော့ 500MB စိရှိပါတယ် အပိုင်းသုံးကတော့ ကျန်တဲ့အစွန်းလေးပါပဲ ဒီနေရာမှာတော့ ဖိုင်ခွဲနည်းလေး ပြီးပါပြီ
(၇) ဒါဆိုရင် ကျွန်တော်တို့ အခုနားက ခွဲထားတဲ့ဖိုင်တွေကို ပြန်ပေါင်းကြည့်ရအောင် Folder အသစ်တစ်ခုထည်ဆောက်ပါ ရှင်းရှင်းလေးဖြစ်သွားအောင်လို့ပါ Part1 မှာ Right+Click နှိပ်ပါ Selected All ပေးလည်းရပါတယ် ကျွန်တော်ကတော့ Part1 မှာပဲနှိပ်ပြထားပါတယ် အောက်ကပုံအတိုင်းသွားပါ....
(၈) ဒီနေရာမှာ မိမိတို့ပေါင်းစည်းလိုက်တဲ့ဖိုင်လေးထွက်လာပါပြီ အောက်ကပုံလေးအတိုင်း ခဏလေး စောင့်လိုက်ရင်ပြီးပါပြီ အကြိမ်အရေအတွက် ဘယ်လောက်ပဲပေါင်းပေါင်း မိမိတို့ပိုင်းထားတဲ့ဖိုင်လေးဟာ ကုန်ဆုံးမသွားပါဘူး အားလုံးအဆင်ပြေပါစေ
နည်းပညာလမ်းကြောင်းပေါ်က ဝါသနာတူ မိတ်ဆွေ သူငယ်ချင်း ဘော်ဒါများအား အစဉ် ထားဝရ လေးစားလျှက်ပါ

























































0 comments:
Post a Comment