Our social:

October 15, 2014

သူမာန်ထန်သွားပြီလေ..






သူ့အကောင့်လေး စိမ်းနေပေမယ့်
မခေါ်ဖြစ်တော့ဘူး...မမြင်သလိုနေ
ပေးလိုက်တယ်
သူမှ စကားမပြောချင်တာလေ.....

သူစာမျက်နှာလေးကို သတိရတိုင်း
သွားမကြည့်ဖြစ်တော့ဘူး
သူနှလုံးသားလေးက
ကိုယ့်ဘ၀လေးထဲမှ မပျော်နိုင်တော့တာ

လွမ်းဆွတ်တိုင်း မငိုဖြစ်တော့ဘူး
သူသိဖို့လည်း မကြိုးစားဖြစ်တော့ပါဘူး
သူမှာ ငါကိုမလိုအပ်တော့တာပဲလေ.......

ငါ့လွမ်းတယ်ဆိုတာ သူသိဖို့ 
မရေးဖြစ်တော့ပါဘူး
ငါတမ်းတနေတယ်ဆိုတာ သူသိဖို့ 
ကဗျာမဖွဲ့ တော့ဘူး
ငါအချစ်တွေ မပျက်ပဲ
အရင်လို ချစ်နေဆဲဆိုတာ သူသိဖို့ 
မကြိုးစားတော့ဘူး...............
သူနှလုံးသားက ငါအတွက်
မာန်ထန်နေခဲ့ပြီလေ...........




ညောင်ညိုသားလေးသို့ { ဒီမှာ } သွားလိုက်ပါ



0 comments:

Post a Comment