ADOBE PRODUCT စာအုပ်များ စုစည်းခြင်း
ရေးသားသူ = ရဲရှင်း
ဒီစာအုပ်က တော့ ကိုရဲရှင်းရေးထားပေးတာပါ။ အဆင်ပြေမယ်လို့ မျှော်လင့်ပါတယ်။ cs5 သုံးနည်းတွေကို ရှင်းပြပြီး ကိုယ်တိုင် ဖန်တီးပြထားတဲ့ စာအုပ်ပါ။ Tools တွေ အကြောင်းကို တစ်ခုချင်းစီ ရှင်းပြပြီး တစ်ခုချင်းစီ လက်တွေ့လုပ်ပြ ရှင်းလင်း ထားတာဖြစ်လို့ လေ့လာရာမှာ ခက်ခဲမှု့ မရှိနိုင်ဘူးလို့ ကျနော် ထင်ပါတယ်။ ကဲလေ့လာချင်သူများ အောက်မှာ Download လုပ်ယူလိုက်ပါ။ Download here MediaFire
စာအုပ်အမည် = Adobe Pagemaker 7.0
ရေးသားသူ = ကကကွန်
ဒီစာအုပ်ကတော့ စာစီစာရိုက် program တစ်ခုဖြစ်တဲ့ adobe pagemaker 7.0 ကို အသုံးပြုနည်းစာအုပ်ပါ။ software ကိုလည်း တင်ပေးထားပါတယ်။ အဆင်ပြေမယ်လို့ မျှော်လင့်ပါတယ်။ ခုအချိန်အထိ Adobe pagemaker ကို သုံးစွဲတဲ့ သူများ သုံးစွဲတုန်း ရှိပါသေး တယ်။ တော် တော်များများက Adobe Indesign ဖက်ကို မလှည့် လာကြသေး တာတွေ တွေ့နေရပါ သေးတယ်။
စာအုပ်အမည် = Adobe Photoshop 7.0
ရေးသားသူ = ကကကွန်
ဒီစာအုပ်ကတော့ Photoshop 7.0 စ ပေါ်တုန်းက ကကကွန် ကနေ ရေးထား တဲ့ photoshop အသုံးပြုနည်း စာအုပ်ပါ။ အခြေခံက စပြီးရေးထားတာပါ။ နောက်ပိုင်းစာအုပ်တွေကတော့ နည်းနည်း အခြေခံကို ကျော်လိုက် တာတွေ တွေ့ရတယ်။ တော်တော်လေး ကောင်း ပါတယ်။
စာအုပ်အမည် = Adobe Photoshop CS
ရေးသားသူ = မသိ
ဒါကတော့ Photoshop CS အကြောင်းကို အသုံးပြုနည်းအစ အားလုံး ကို ရှင်းပေးထားတဲ့ စာအုပ်ပါ။ Adobe photoshop 7.0 နောက် ထွက်တဲ့ photoshop version ပါ။ လေ့လာ ချင်တဲ့သူများ လေ့လာနိုင် ပါ တယ်။ photoshop ပိုင်း ကျွမ်းကျင်ရင် web design ပိုင်းကိုလည်း လိုက်ရတာ လွယ်သွားပါပြီ။

စာအုပ်အမည် = Photoshop ကမ္ဘာသို့ အလည်တစ်ခေါက်
ရေးသားသူ = ဦးအောင်နိုင်မော်
ဒီစာအုပ်က ဓါတ်ပုံပြင်တဲ့နေရာမှာ (သို့)၀ဘ်ဆိုက်လုပ်တဲ့ နေရာတွေမှာ လိုက်ဖက် ညီတဲ့ အရောင်တွေ ရှိပါတယ်။ အဲ့ဒါတွေကို ပေါင်းစပ်ဖန်တီးတတ်ဖို့ လိုပါတယ်။ အဲ့လိုမျိုး တွေးအခေါ်တွေ ရရှိ လာအောင် ကိုယ်ကိုယ်တိုင် ဖန်တီးနိုင်အောင်လို့ ရှင်းပြပေးထားတဲ့ စာအုပ်တစ် အုပ်ဖြစ်ပါတယ်။ လေ့လာဖို့ သင့်တဲ့ စာအုပ်တစ်အုပ်ပါ။

စာအုပ်အမည် = Adobe Indesign CS3
ရေးသားသူ = ကကကွန်
ရေးသားသူ = ကကကွန်
ဒီစာအုပ်ကတော့ Adobe Indesign CS3 အသုံးပြုနည်း၊ Tools များ၏ အသုံးဝင်ပုံနှင့် လက်တွေ့ရှင်းလင်းချက် များဖြင့် ရှင်းလင်းထားတာ ဖြစ်ပါတယ်။ Indesign ဟာ pagemaker နောက်မှာ ထပ်ထွက်တဲ့ DTP program ဖြစ်ပါတယ်။ အဲ့အတွက် စာစီစာရိုက် သမားများအနေဖြင့် လေ့လာ ထားသင့်ပါတယ်။ pagemaker မှာ support မလုပ်တဲ့အရာ တော်တော် များများ Indesign မှာ support လုပ်ပါတယ်။ အရမ်းကောင်းမွန်တဲ့ စာစီစာရိုက် program ဖြစ်ပါတယ်။
စာအုပ်အမည် = Photoshop CS Tools များရဲ့ အသုံးပြုနည်း လျှို့ဝှက်ချက်
ရေးသားသူ = မျိုးဆက် (Mr.Photo)
ဒီစာအုပ်က တော့ adobe cs,cs2, cs3, cs4, cs5 စတဲ့ version တွေမှာ ပါတဲ့ Tools တွေရဲ့ အသုံးပြုပုံ အသုံးပြုနည်း စနစ်တွေကို အခြေခံကျကျ ရှင်းပြ ထားတဲ့ စာအုပ်တစ်အုပ်ဖြစ်ပါတယ်။ ဒီဇိုင်းတစ်ခု လက်ရာမြောက်ဖို့ရာ တွေးခေါ် မှု့ပိုင်းဟာ အရေးကြီးသလို Tools တွေကို ကိုင်တွယ် အသုံးပြုပုံ ကျွမ်းကျင်မှု့ ဟာလည်း အရေးကြီးပါတယ်။ ကဲလိုချင်တဲ့သူများ အောက်မှာ Download လုပ်ယူလိုက်ပါ။

စာအုပ်အမည် = Adobe Photoshop CS2
ရေးသားသူ = Aung Myint
ဒါကတော့ Photoshop CS2 အကြောင်းကို အသုံးပြုနည်းကအစ အသေးစိတ် ရှင်းလင်းထားတဲ့ စာအုပ်တစ်အုပ်ပါ။ အဆင်ပြေမယ်လို့ မျှော်လင့်ပါတယ်။ လိုချင် တဲ့သူများ အောက်မှာ Download လုပ်လိုက်ပါ။ link တွေ မသေအောင် နောက် ထပ် အဆင်ပြေတဲ့ link တွေ ထပ်ထပ် တိုးသွားပါ့မယ်။ Mediafire ကနေတာ့ မတင်တော့ဘူး တော်တော်စိတ်ပျက်သွားပြီ။

စာအုပ်အမည် = Photoshop အခြေခံလေ့ကျင့်နည်းစနစ်များ
ရေးသားသူ = မျိုးဆက် (Mr.Photo)
ရေးသားသူ = မျိုးဆက် (Mr.Photo)
Photoshop cs4 အသုံးပြုပုံ အသုံးပြုနည်းတွေကို ရှင်းလင်းပြထားတဲ့ စာအုပ်တစ် အုပ်ဖြစ်ပါတယ်။ လေ့လာလိုသူများ အောက်မှာ Download လုပ်ယူနိုင်ပါတယ်။ ဓါတ်ပုံ ၀ါသနာအိုးများအတွက်ကတော့ အားလုံး စုပြီး Download လုပ်ထားလိုက်ပေါ့။ နောက်ထပ်လည်း group တွေ စုစုပြီး တစ်အုပ်စုစီ တင်ပေးပါ့မယ်။ အခုကတော့ adobe product ဆိုပေမယ့် တစ်ချို့စာအုပ်တွေ ကျန်သေးတယ်။ ဒါကိုလဲ ဒီပို့စ်အောက်မှာပဲ ထပ်ထည့်သွားပါ့မယ်။
0 comments:
Post a Comment