Our social:

July 02, 2015

iTunes မှ မိမိ iDevicesရှိ Other Storages များလျော့ချနည်း



Diagnostic and Usage များဟာဆိုရင် မိမိပြုလုပ်ထားသမျှကိုမှတ်ထားပေးပါတယ်.. Usage များလာရင် ဖုန်းအသုံးပြုသူကမသိသာပေမယ့် ဖုန်းရဲ့လုပ်ဆောင်ချက်ဟာနှေးကွေးလာစေပါတယ်၊  Cleaner နဲ့ရှင်းတာလဲရှင်းတာပါ။ ဒီနည်းကတော့ Jailbroken Device များမှာ Manually ရှင်းနည်းလေးဖြစ်ပါတယ်

ပထမဆုံး Setting App >> Privacy ထဲမှာ Diagnostics & Usage ကိုကြည့်ပါ၊ Setting App >> General >> Storage ထဲမှ Memory Usages ပမာဏကိုမှတ်ထားပါ၊ မိမိပြုမူသမျှလုပ်ဆောင်ချက်များကို မှတ်တမ်းတင်ထားတာတွေအများကြီးတွေ့ရပါမယ်။ အဓိကအဆိုပါ Usages များကိုရှင်းမှာပါ။
ရှင်းဖို့အတွက် Cydia မှ Filza File Manager ကို Install လုပ်ထားဖို့တော့လိုပါတယ်။ Filza File Manager ရှိပြီဆိုရင်တော့ /var/mobile/Library/Logs/CrashReporter လမ်းကြောင်းအတိုင်းသွားပါ

ဖျက်ထုတ်ပစ်ရန်အတွက် ညာဖက်အပေါ်ထောင့်မှ Edit ကိုနှိပ်ပါ
ပြီးလျှင်ဘယ်ဖက်ထောင်မှ Name ၏ဘေးမှ အ၀ိုင်းလေးကိုနှိပ်ပေးလိုက်ရင် File များအားလုံးမှတ်ပြီးသွားပါပြီ.. မိမိမလိုအပ်တာတွေကိုရွေးပေးလိုက်ပြီး လိုအပ်တာတွေကိုတော့ထားခဲ့ပါ။
အဓိက Folder icon များကိုမဖျက်ပါနဲ့၊ Folder icon များမှလွဲပြီးကျန်တာအကုန်ဖျက်ပါ၊ ပြီးရင် Diagnotices Log Folder ထဲဝင်ပါ၊ ထို့နောက် အထဲမှာ File များနှင့် Folderများကိုတွေ့ပါမယ်..  Folder များကိုမဖျက်ပဲ File အလွတ်များကိုဖျက်ပေးပါ.

ပြီးလျှင် Respring လုပ်ပေးပြီး Setting App > General >> Privacy >> Diagnostics and Usages ထဲတွင်ကြည့်လိုက်တဲ့အခါ ဘာမှမရှိတော့တာတွေ့မြင်ရပါလိမ့်မယ်.. ဒီနည်းနဲ့ရှင်းနိုင်ပါတယ်...

Setting App >> General >> Usage တွင်လည်း အထက်ပါလုပ်ဆောင်ချက်ကို မပြုလုပ်မီ ရှိနေသောStorage နှင့် ပြုလုပ်ပြီး Storage ကိုယှဉ်ကြည့်နိုင်ပါတယ်...


ထို့အပြင်.. Jailbreak Tweak တစ်ခုဖြစ်တဲ့ Icon Tool ဖြင့်လည်းရှင်းပေးပါ..

၁. Filza/iFile သုံးပြီးအထက်ပါနည်းအတိုင်းရှင်းပါ

၂. Icon Tool ဖြင့်ရှင်းပါ။ Icon Tool ကို cydia.myrepospace.com/iosknowledgebankmm/ repository မှာရယူနိုင်ပါတယ်.

အဆင့် ၁ရော အဆင့်၂နည်း ၂နည်းစလုံးနဲ့ရှင်းပေးပါ


iTunes မှ Other ကိုယှဉ်ပြပေးထားပါတယ်


Setting App >> General >> Usage မှ Reduce Memory ယှဉ်ပြထားပုံပါ
အဆင်ပြေကြပါစေ . . .
THINK DIFFERENT . . .

Original Post By : Mr.KyawThiHa (iOSKnowledgeBank)


ညောင်ညိုသားလေးသို့ { ဒီမှာ } သွားလိုက်ပါ


0 comments:

Post a Comment