Our social:

June 29, 2015

Android Devices ​တွေကို လျှင်​မြန်​စွာအသုံးပြုနိုင်​​စေမယ့်​ အချက်​(၁၀)ချက်

                                 

မင်္ဂလာပါ
လက်​ရှိအချိန်​မှာ​တော့ Android Device ​တွေဟာဆိုရင်​ အ​ရေအတွက်​အားဖြင့်​ အလွန်​ကို မြင့်​တက်​လာတဲ့အ​နေအထားမှာရှိ​နေပါတယ်​။တန်​ဖိုးအားဖြင့်​လည်းသင့်​တင့်​လာပြီးရွေးချယ်​စရာ Brand အမျိုးအစားများပြားလာခြင်း​ဟာလည်း Android ရဲ့ အားသာချက်​ပဲဖြစ်​ပါတယ်​။ Android Device အသုံးပြုသူ​များအ​နေနဲ့ မိမိအသုံးပြုထားတဲ့ Android Version နဲ့မကိုက်​ညီတဲ့အခါမှာဖြစ်​​စေ၊ Hardware ရဲ့အားနည်းချက်​​ကြောင့်​ Application ​တွေကို အသုံးပြုရာမှာ ​လေးလံမှု​တွေရှိလာနိုင်​ပါတယ်​။ ဒီလို​လေးလံ​နှေး​ကွေးမှု​တွေအတွက်​​တော့မဟုတ်​​ပေမယ့်​ မိမိရဲ့ Android Device မြန်​မြန်​ဆန်​ဆန်​​လေး​​အသုံးပြုချင်​တယ်​ဆိုရင်​​တော့ ​အောက်​ပါ အချက်​​ ဆယ်​ချက်​ကို​လုပ်​​ဆောင်​ကြည့်​ခြင်းအားဖြင့်​ လုပ်​​ဆောင်​ချက်​​တွေကို မြန်​မြန်​ဆန်​ဆန်​လုပ်​​ဆောင်​နိုင်​မှာဖြစ်​ပါတယ်​။
1. Hardware နှင့်​ Version မမျှတခြင်းမဖြစ်​​စေရန်​ စစ်​​ဆေးပါ။Android ရဲ့ ICS Version ကိုအသုံးပြုချင်​​ပေမယ့်​ မိမိရဲ့ Hardware အ​ကြောင်းကိုနားလည်​ထားဖို့လိုအပ်​မှာဖြစ်​ပါတယ်​။ Hardware နဲ့ကိုက်​ညီမှုမရှိဘူးဆိုရင်​ Version Upgrade ပြုလုပ်​ခြင်းကို ​ရှောင်​ကြဉ်​ရမှာဖြစ်​ပါတယ်​။ Hardware ကိုက်​ညီမှုရှိမရှိသိချင်​တယ်​ဆိုရင်​​တော့ Android Forum ​တွေမှာဝင်​​ရောက်​​ဆွေး​နွေးနိုင်​မှာဖြစ်​သလို၊ နားလည်​တတ်​ကျွမ်းသူများနဲ့လည်းတိုင်​ပင်​နိုင်​မှာဖြစ်​ပါတယ်​။
2.Launcher ကို စနစ်​တကျအသုံးပြုပါ။တချို့​သော Android Device ​တွေမှာဆိုရင်​ Launcher တစ်​ခုထက်​မကအသုံးပြုတာကို​တွေ့ရပြီး၊ တစ်​ချို့​သော Launcher များဟာလည်းလုပ်​ဆောင်​မှုကို ပိုမို​လေးလံ​စေပါတယ်​။ တစ်​ခါတစ်​ရံမှာဆိုရင်​ Launcher Error ဖြစ်​​ပေါ်တတ်​ပြီး အဆိုပါ Error အရ Reset ပြုလုပ်​ရခြင်းမျိုး​တွေ ကြုံ​တွေ့ရတတ်​ပါတယ်​။ဒါ​ကြောင့်​မို့ မိမိနဲ့ သင့်​​တော်​နိုင်​မယ့်​ Launcher အမျိုးအစားတစ်​ခုထဲကိုသာ သတ်​မှတ်​အသုံးပြုသင့်​ပါတယ်​။
3.Home Screen ကို စနစ်​တကျပြင်​ဆင်​ထားပါ။Android Device တစ်​ခုမှာ အရင်​ဆုံးထိ​တွေ့ရတာ Home Screen ပဲဖြစ်​ပါတယ်​။ လုပ်​​ဆောင်​ချက်​​တွေကိုလည်း Home Screen ​ပေါ်မှာ ပြင်​ဆင်​ထားနိုင်​ပြီး၊ အလွန်​များပြားတဲ့ ထည့်​သွင်းမှုမျိုးက​တော့ လုပ်​​ဆောင်​ချက်​တိုင်းရဲ့ အချိန်​ကိုပိုမိုကုန်​​စေနိုင်​မှာဖြစ်​ပါတယ်​။
Wi-fi,Bluetooth,GPS,Lights တို့ပါဝင်​တဲ့ Widgets လိုမျိုးထည့်​သွင်းထားမယ်​ဆိုရင်​​တော့ လုပ်​​ဆောင်​ချက်​​တွေကို ပိုမိုမြန်​ဆန်​​စေမှာဖြစ်​ပါတယ်​။
4. Favourite App များကို Home Screen တွင်​ထားပါ။
အထက်​မှာဆိုခဲ့သလိုပဲ Home Screen ​ဟာဆိုရင်​ Android Device တစ်​ခုရဲ့ပင်​မလုပ်​​ဆောင်​မှု​နေရာတစ်​ခုဖြစ်​ပါတယ်​။ မိမိရဲ့အသုံးပြုမှုများတဲ့ Favourite App ​တွေကို Home Screen ​ပေါ်မှာထားရှိခြင်းအားဖြင့်​ လုပ်​​ဆောင်​ချက်​​တွေကို ပိုမိုမြန်​ဆန်​လာ​စေနိုင်​မှာဖြစ်​ပါတယ်​။ App ​တွေကို Page တစ်​ခုအတွင်းမှာ စုစည်းထားရှိပြီး အသုံးပြုမယ်​ဆိုရင်​ ပိုမိုအဆင်​​ပြေ​စေနိုင်​မှာဖြစ်​ပါတယ်​။
5.Animation လုပ်​​ဆောင်​ချက်​ကိုပိတ်​ထားပါ။Animation လုပ်​​ဆောင်​ချက်​ကို Display Setting မှတစ်​ဆင့်​ပိတ်​ထားမယ်​ဆိုရင်​ ပိုမိုမြန်​ဆန်​တဲ့ Android Device တစ်​ခုကိုအသုံးပြုနိုင်​မှာဖြစ်​ပါတယ်​။ Animation ​တွေဟာ System ပိုင်းလုပ်​​ဆောင်​​ချက်​​တွေကို ထိခိုက်​မှုရှိလာနိုင်​တဲ့အတွက်​ ပိတ်​ထားဖို့လိုအပ်​မှာဖြစ်​ပါတယ်​။ Animation ကိုပိတ်​မယ်​ဆိုရင်​​တော့ Setting>Display>Animation ထဲက No Animation ကို​ရွေးချယ်​​ပေးရမှာဖြစ်​ပါတယ်​။
6.Browser မှ Plugin ​တွေကိုပိတ်​ထားပါ။Android Device တစ်​ခုဟာဆိုရင်​လက်​ရှိအချိန်​မှာ​တော့ အင်​တာနက်​အသုံးပြုနိုင်​ဖို့ အားထားရာတစ်​ခုဖြစ်​လာပြီဖြစ်​ပါတယ်​။ Web browser ​တွေရဲ့ Plugins ​တွေဟာဆိုရင်​လုပ်​​ဆောင်​ချက်​ပိုင်းကို ထိခိုက်​နိုင်​တဲ့အတွက်​​ကြောင့်​ အသုံးမလိုချိန်​မှာ ပိတ်​ထားသင့်​ပါတယ်​။ Browser Plug-ins ​တွေကိုပိတ်​ထားချင်​တယ်​ဆိုရင်​​တော့ Browser>Setting>Enable Plug-ins ထဲက Off ကို ​ရွေးချယ်​​ပေးရမှာဖြစ်​ပါတယ်​။
7.သာမန်​ Wall paper များကိုသာ ဦးစား​ပေးအသုံးပြုပါAndroid Device ​တွေရဲ့ စွမ်း​ဆောင်​ရည်​​တွေဟာ တစ်​လုံးနဲ့တစ်​လုံး မတူညီကြ​ပေမယ့်​ သာမန်​ Wall Paper ကို အဓိကထားအသုံးပြုခြင်းဟာ စက်​အတွက်​များစွာသက်​သာ​စေနိုင်​မှာဖြစ်​ပါတယ်​။ Live Wall Paper ​တွေဟာဆိုရင်​ လုပ်​​ဆောင်​ချက်​​တွေကို​နှေး​ကွေး​စေနိုင်​မှာဖြစ်​လို့ အသုံးပြုရာမှာ အခက်​အခဲဖြစ်​​စေနိုင်​ပါတယ်​။ ဒါ​ကြောင့်​ သာမန်​ Wall Paper ​တွေကိုသာအသုံးပြုသင့်​ပါတယ်​။
8.အသုံးမပြု​သော App များကို ဖျက်​ပစ်​ပါAndroid Device တစ်​ခုအတွင်းမှာ အသုံးမပြု​တော့တဲ့ App ​တွေကို ဖျက်​ပစ်​သင့်​ပါတယ်​။မလိုလားအပ်​တဲ့ Space​ ​တွေ ကုန်​ဆုံး​စေနိုင်​မှာဖြစ်​သလို၊ Background Process အ​နေနဲ့ Run ​နေမယ်​ဆိုရင်​ လုပ်​​ဆောင်​ချက်​ပိုင်းကို များစွာထိခိုက်​​စေနိုင်​မှာဖြစ်​ပါတယ်​။ ဒါ​ကြောင့်​ အသုံးမပြု​တော့တဲ့ App ​တွေကိုဖျက်​ပစ်​ရမှာဖြစ်​ပါတယ်​။
9.App End အတွက်​ Task Killer အသုံးပြုပါTask Killer ဟာဆိုရင်​ Android ​ပေါ်မှာ Background Process ​တွေကိုပိတ်​ချင်​တဲ့အခါမျိုးမှာ အသုံးပြုနိုင်​မှာဖြစ်​ပါတယ်​။ မလိုလားအပ်​တဲ့ App ​တွေ​ကြောင့်​ စက်​​လေးလံမှုကိုဖြစ်​​စေနိုင်​ပြီး၊ Task Killer လိုမျိုး App ​တွေဟာ Android Device ​တွေကို အမြန်​ဆန်​ဆုံးအ​နေအထားနဲ့ အသုံးပြုနိုင်​​အောင်​ ကူညီ​ပေးမှာဖြစ်​ပါတယ်​။
10.Wi-fi, Bluetooth တို့ကို အသုံးပြုချိန်​တွင်​သာ ဖွင့်​ထားပါWi-fi, Bluetooth တို့ကိုအသုံးမပြုချိန်​မှာ ပိတ်​ထားမယ်​ဆိုရင်​ Battery Life Time ပိုမိုကြာမြင့်​​စေနိုင်​မှာဖြစ်​သလို၊ အခြား​သော လုပ်​​ဆောင်​ချက်​ပိုင်းဆိုင်​ရာကို အ​နှောင့်​အယှက်​​ပေးနိုင်​မှာ မဟုတ်​​တော့ပါဘူး။ ဒါ​ကြောင့်​ Home Screen ​ပေါ်မှာ Widget တစ်​ခုဖန်​တီးထားပြီး အလွယ်​တကူ အဖွင့်​အပိတ်​ပြုလုပ်​နိုင်​ဖို့ ဖန်​တီး​ပေးထားသင့်​ပါတယ်​။

ညောင်ညိုသားလေးသို့ { ဒီမှာ } သွားလိုက်ပါ


0 comments:

Post a Comment