Our social:

July 03, 2015

Window တက်တက်ချင်းမှာ Check Disk ကို Disable လုပ်ခြင်း


ကျွန်တော်တို့ ၀င်းဒိုး XP မှာကတည်းက ခုချိန်ထိ ကွန်ပျူတာကို
ပါဝါဖွင့်လိုက်တယ်ဆိုရင် အောက်ပါပုံအတိုင်း

 

Checking Disk ဆိုပြီးမြင်ဖူးကြမှာပါ။ ဒီလိုအချိန်မှာ ကျွန်တော်တို့က ကီးဘုတ်ကနေ ESC Key ကို မနှိပ်မိဘူးဆိုရင် အချိန်အနည်းငယ်ကြာ မြင့်စွာစောင့်ဆိုင်းရတတ်ပါတယ်။ ဘာကြောင့် ဒီလိုမျိုး Check Disk
ဖြစ်ရသလည်းဆိုတဲ့ အကြောင်းရင်းကို အနည်းငယ်ရှင်းပြရရင် သင့်ရဲ့ HDD မှာ ပုံမှန် Defragments မလုပ်ထားတာတွေရယ် နောက်ပြီး Data တွေ သွင်းလိုက် ဖျက်လိုက်များတာတွေရယ်၊ အဆိုးဆုံးတစ်ခုကတော့
သင့်ရဲ့ HDD မှာ အနည်းငယ် Error တက်လာလို့တို့ပဲဖြစ်ပါတယ်။ဒါကြေ င့် တစ်ကြိမ်တစ်ခါလော်ကတော့လုပ်သင့်ါပတယ်။ သို့ပေသော် ညားလည်း အမြဲတမ်းကြီး အဲ့လိုတက်နေရင် User အတွက် စိတ်အနှောက် အယှက်ဖြစ်ရတတ်ပါတယ်။ ဒါကြောင့် အခုကျွန်တော်က ဒီလို Disk Check
ကိုဘယ်လိုပတ်မလည်းဆိုတာကို Registry ကနေတစ်မျိုး၊ Commend Lineကနေတစ်မျိုး လွယ်ကူစွာလုပ်ဆောင်နိုင်အောင် ရေးသားပေးပါ့မယ်။ ကဲစလိုက်ရအောင် အရင်ဆုံး Run Box ထဲမှာ "regedit" လို့ရိုက်လိုက်ပါမယ်။




ထို့နောက်တော့ Enter ခေါက်လိုက်တဲ့အခါမှာ ကျွန်တော်တို့က အောက်ပါ
ပုံအတိုင်း



Registry Editor ပေါ်လာမှာဖြစ်ပါတယ်။ သွားရမယ့် Location ကတော့ HKEY_LOCAL_MACHINE\SYSTEM\CurrentControlSet\Control \Session Manager အတိုင်းဖြစ်ပါတယ် အထက်ပါပုံအတိုင်းပေါ့…ထို့နောက်တော့ ကျွန်တော်တို့က BootExcute ဆိုတာကို Double
Click နှိပ်လိုက်ပါမယ်။လက်ရှိအတိုင်းဖြစ်နေမှာကအောက်ပါပုံအတိုင်း




ဖြစ်ပြီးတော့ ကျွန်တော်တို့ပြင်ရမှာကတော့ ထို စာသားထဲမှာ * နဲ့ k ကြား
ထဲမှာ ပြင်ရမှာဖြစ်ပါတယ်။ဘယ်လိုပြင်ရမလည်းဆိုတော့



အထက်ပါပုံအတိုင်း /K:C ဆိုပြီး ဖြစ်ပါတယ်။ /K ရဲ့ အဓိပ္ပါယ်ကတော့ Switch to Disable ဖြစ်ပြီး :C ဆိုတာကတော့ လက်ရှိ သင့်ရဲ့ကွန်ပျူ တာစနစ်လုပ်ဆောင်နေတဲ့ System Partition ဖြစ်ပါတယ်။ အကယ်လို့
သင်ဟာ အခြား Data Partition တွေကိုလည်း Check Disk လုပ်တာ ပိတ်ထားချင်တယ်ဆိုရင်တော့




အထက်ပါပုံအတိုင်း နောက်တစ်ကြောင်း ရိုက်ပေးရမှာဖြစ်ပါတယ်။ D ဆိုတာကတော့ Data Partition ကို ရည်ညွန်းတာဖြစ်ပါတယ်။ ပြီးသွား ရင်တော့ OK ကိုနှိပ်ပေးလိုက်ရုံပါပဲ။နောက်တစ်နည်းကတော့ CLI Mode
ထဲကနေလုပ်ဆောင်မှာဖြစ်ပါတယ်။ ဒါကြောင့် သင့်ဟာ ကီးဘုတ်ကနေ Run Box ကိုဖွင့်လိုက်ပါ။ ပြီးသွားရင်




အထက်ပါပုံအတိုင်းရိုကလိုက်ပါမယ်။ ဒါဆိုရင် Command Prompt ကို Administrator Mode ဖြင့် Run တာကိုတွေ့ရမှာပါ။ ထို့နောက် ရိုက်ရ မယ့် Command ကတော့



အထက်ပါပုံအတိုင်းဖြစ်ပါတယ်။အကယ်လို့သင်ဟာ Data Partitionတွေကိုပါ ပိတ်ချင်တယ်ဆိုရင်တော့ရိုက်ရမှာက

                      


အထက်ပါပုံအတိုင်း ဖြစ်ပါတယ်။ ကဲအားလုံးပဲ အဆင်ပြေမယ်ထင်ပါတယ်ယခုတင်သော Post နှင့်ပတ်သက်ပြီးမရှင်းလင်းသည်များကို အချိန်မရွေးမေးမြန်းနိုင်ပါတယ်။ ဒီ Post လေးကို ဟိုးအရင် ဆရာ အောင်သန်းဦး မဆုံးပါးခင်က ကျွန်တော် အဲ့ဒီ Error ကိုဖြစ်လို့ ဆရာက ဘယ်လိုရှင်းရမလည်းဆိုတာကို ပြောပြထားခဲ့ဖူးပြီးသားပါ သို့သော်လည်း အခုမှ ကျွန်တော်ဂရုတစ်ခုမှာမေးထားတာတွေ့လို့ ဆရာ့ကို သတိရတဲ့စိတ်ဖြစ်လာပြီး ရေးဖြစ်သွားတာပါ။

အားလုံးကိုလေးစားလျှက်

ညောင်ညိုသားလေးသို့ { ဒီမှာ } သွားလိုက်ပါ



0 comments:

Post a Comment