Our social:

July 01, 2015

Telenor က Call Me Back ဝန်ဆောင်မှုကို ပြန်လည် အဆင့်မြှင့်တင်

                                           
               


မိုဘိုင်းဖုန်းအတွင်း ဘီလ်ကုန်ဆုံးနေသည့်အခါ ပြန်လည်ခေါ်ဆိုရန် စာတိုပေးပို့နိုင်သည့် Call Me Back ဝန်ဆောင်မှုကို Telenor က ပြန်လည်အဆင့်မြှင့်တင်၍ မိတ်ဆက်လိုက်သည်ဟု သိရသည်။

ဝန်ဆောင်မှုကို အသုံးပြုလိုပါက *1*09(ပေးပို့လိုသော ဖုန်းနံပါတ်)# ရိုက်နှိပ်၍ ပေးပို့ရမည်ဖြစ်ပြီး ပေးပို့ လိုက်သော ဖုန်းနံပါတ်သို့ “ကျေးဇူးပြု၍ ဖုန်းပြန်လည်ခေါ်ဆိုပါ” ဟူသော SMS ကို မြန်မာစာ၊ အင်္ဂလိပ် စာ နှစ်ဘာသာဖြင့် ရောက်ရှိသွားမည်ဟု သိရသည်။

အဆိုပါဝန်ဆောင်မှုအတွက် ငွေကြေးပေးဆောင်ရန် မလိုအပ်သည့်အပြင် အသုံးပြုနိုင်သည့် အကြိမ်အရေ အတွက်ကိုလည်း ကန့်သတ်ထားမည်မဟုတ်ကြောင်း၊ ထို့အပြင် ဝန်ဆောင်မှုကို အခြားသော အော်ပရေ တာများ၏ မိုဘိုင်းဖုန်းလိုင်းများဆီသို့လည်း ပေးပို့နိုင်ကြောင်း Telenor က ကြေညာထားသည်။

Call Me Back ဝန်ဆောင်မှုကို Telenor က ၂၀၁၄ ခုနှစ် စက်တင်ဘာလတွင် စတင်မိတ်ဆက် ခဲ့ခြင်း ဖြစ်သော်လည်း ယခုအခါ အသုံးပြုသူများ လွယ်ကူစေရန်နှင့် အခြားသော မိုဘိုင်းကွန်ရက်များဆီ သို့ ရောက်ရှိနိုင်ရန် ပြန်လည်အဆင့်မြှင့်တင်ခဲ့ခြင်း ဖြစ်သည်။

“ဒီဝန်ဆောင်မှုက ကျွန်တော်တို့ရဲ့ နောက်တစ်ကြိမ် ငွေဖြည့်မှ ပြန်ပေးရမယ့် ‘ကြိုသုံး’ လို့ခေါ်တဲ့ အရေးပေါ် ဖုန်းလက်ကျန်ငွေ ၅၀၀ ကျပ် ငှားရမ်း အသုံးပြုနိုင်စေမယ့် ဝန်ဆောင်မှုကို ပံ့ပိုးပေးတဲ့ ဝန်ဆောင်မှုနောက် တစ်ခု ဖြစ်ပါတယ်။ ကြိုသုံးဝန်ဆောင်မှုကို အသုံးပြုပြီးထားသူတွေအတွက် အခုအဆင့်မြှင့်တင် ထားတဲ့ ‘Call Me Back’ ဝန်ဆောင်မှုကို ဆက်လက်အသုံးပြုပြီး မိသားစု၊ သူငယ်ချင်းတွေနဲ့ အမြဲတမ်း ဆက်သွယ်မှု ရှိနေမှာပါ” ဟု Telenor မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

Telenor ၏ မိုဘိုင်းဖုန်းလိုင်းများသည် လက်ရှိအချိန်၌ တိုင်းနှင့်ပြည်နယ် ၁၁ ခုတွင် ဖြန့်ကြက်ပြီး မကြာခင်တွင် ကယားပြည်နယ်နှင့် တနင်္သာရီတိုင်းတို့တွင် ကွန်ရက်စတင် ဖွင့်လှစ်ခြင်းများ ပြုလုပ်တော့ မည်ဟု သိရသည်။

Credit to ==> Internet Journal

                                                       Telenor - Internet for All
                                                          


ညောင်ညိုသားလေးသို့ { ဒီမှာ } သွားလိုက်ပါ


0 comments:

Post a Comment