Our social:

July 02, 2015

How to Jailbreak iOS 8.3 using TaiG on Windows

iOS 8.1.3 - iOS 8.3 အတွက် Untethered Jailbreak ပြုလုပ်နည်းအဆင့်ဆင့်ကိုတင်ပြပေးချင်ပါတယ်... June 25 ရက်နေ့ကထွက်ရှိခဲ့တဲ့ TaiG Jailbreak Tool Version 2.0.0 ကိုပဲ Windows PC အသုံးပြုပြီးပြုပဲလုပ်နိုင်ပါသေးတယ်... Mac OS X မှာသုံးချင်သူတွေကတော့ Virtual Machine နဲ့ခံသုံးနိုင်ပါတယ်

Jailbreak မလုပ်ခင်မှာ အရင်ဆုံး Passcode ပိတ်ထားရပါမယ်... နောက်ပြီး Find My iPhone ကိုလဲပိတ်ထားရပါမယ်....  Passcode ပိတ်ဖို့အတွက် Settings App > Touch ID & Passcode မှာပိတ်နိုင်မှာဖြစ်သလို Find My iPhone ပိတ်ဖို့အတွက်ကတော့  Settings App > iCloud > Find My iPhone မှာပိတ်နိုင်ပါတယ်....

နောက်ပြီး iTunes Version 12.0.1 နဲ့ပဲအဆင်ပြေပါတယ်...  ဒါ့ကြောင့် iTunes Old version ပဲသုံးဖို့အကြံပေးချင်ပါတယ်

iTunes 12.0.1 for Windows 32-Bit
iTunes 12.0.1 for Windows 64-Bit

How to jailbreak iOS 8.3 using TaiG on Windows

TaiG Jailbreak Tool ကို အရင် Download ရယူပါ... ပြီးပါက Zip ဖြည်ပြီး Run ပါ..
(ယနေ့  Update ထွက်တဲ့ Version အသစ်Link ကို တင်ပေးထားပါတယ်.. ပြုလုပ်ပုံများကတော့ တူတူပါပဲ)

~ ထို့နောက် မိမိ Device ကို Computer နှင့်ချိတ်ဆက်ပါ..

~ အောက်တွင်ပြထားသောပုံအတိုင်း Start ကိုနှိပ်ပါ

~ ထိုအခါတွင် Jailbreak ကိုစတင်လုပ်နေပြီပဲဖြစ်ပါတယ်...
~ မကြာခင်Reboot ကျပါလိမ့်မယ်..... Reboot ၄ခါ၊၅ခါ လောက်ထိ ကျတက်ပါတယ်...
~ Reboot ကျလဲ jailbreak tool မှ ဆက်လက်ပြီးလုပ်ဆောင်ပေးနေပါလိမ့်မယ်... ကြိုးကို ဖြုတ်၊တပ်မလုပ်ပါနဲ့
~ မကြာခင်အချိန်တွင်းမှာပဲ Jailbreak ပြုလုပ်ချင်းပြီးဆုံးပါတော့မယ်
~ Jailbreak ပြုလုပ်ပြီးပြီဆိုရင်တော့ သင့် Computer မှ Jailbreak tool မှာအောက်ကပုံအတိုင်းတွေ့ပါလိမ့်မယ်
အခုဆိုရင်တော့ သင်ဟာ iOS 8.3 ကိုအောင်မြင်စွာ Jailbreak ပြုလုပ်ပြီးပြီပဲဖြစ်ပါတယ်.... သင့် Device ရဲ့ Home Screen မှာ Cydia icon ကိုတွေ့မြင်နေရမှာပဲဖြစ်ပါတယ်
အဆင်ပြေကြပါစေ . . .
THINK DIFFERENT . . .



ညောင်ညိုသားလေးသို့ { ဒီမှာ } သွားလိုက်ပါ


0 comments:

Post a Comment