Our social:

July 03, 2015

Windows 7 32 Bit နဲ့ 64 Bit Printer Sharing ပြဿနာရှင်းနည်း


Windows 7 Printer Sharing မှာ အဓိက ပြဿနာတစ်ခုကLAN ထဲမှာ Operation System အားလုံးက 32 Bit တွေချည်းပဲဆိုရင်ပြဿနာမရှိပေမယ့် LAN ထဲက Operation System တွေက 32 ရော64 ကော ရောနေမယ်ဆိုရင် အဲ့ဒီမှာစတွေ့မှာဖြစ်ပါတယ်။ ဆိုလိုတာက32 အချင်းချင်းကတော့ LAN ထဲမှာ Printer Sharing အတွက် အဆင်ပြေတယ်ဆိုပေမယ့်64 က LAN ထဲမှာတင်မဟုတ်ပါဘူး Driver Install လုပ်ရတာကိုကလည်း သူ့ကို သီးသန့် သက်သက်ကြီးပြန်လုပ်ရပါတယ် ဒီတော့ ကျွန်တော်တို့က တစ်ခါတည်း Printer Sharing လုပ်တဲ့အချိန်မှာတည်းကိုက မိမိ Share မယ့် Printer မှာ 32 ကော 64 Driver ကော ကို တစ်ခါတည်းသွင်းထားပါမယ်။ ဆိုကြပါစို့ ကျွန်တော်တို့က 32 ကိုပဲအရင်သွင်းထားတယ်လို့မှတ်ယူပြီး လိုအပ်တဲ့ 64 ကိုထပ်သွင်းပါမယ်။အရင်ဆုံး Control Panel > Devices & Printers ထဲကို ၀င်ပါမယ်။ ပြီးသွားရင် မိမိ Share ထားမယ့် Printer ကို Right Click နှိပ်ပါမယ်။ထို့နောက်တော့ အောက်ပါပုံအတိုင်း

                         
Sharing ဆိုတဲ့ Tab ထဲကိုသွားပါမယ်။ Drivers ဆိုတဲ့ နေရာမှာ Additional Drivers.. ဆိုတာကို နှိပ်လိုက်ပါမယ်။ 
   
             
                              

အထက်ပါပုံအတိုင်းပေါ်လာပြီးဆိုရင် Additional Drivers နေရာမှာကျွန်တော်တို့က x86 ဆိုတဲ့နေရာမှာပဲ အမှန်ခြစ်နဲ့ Installed နေရာ မှာ Yes ဖြစ်နေပါမယ်။ x86 ဆိုတာက Operation System မှာ 32 ကိုဆိုလိုပြီး x64 ဆိုတာကတော့ 64 ကိုဆိုလိုတာဖြစ်ပါတယ်။ ဒါကြောင့်  ကျွန်တော်တို့က 64 ကို ထပ်ထည့်ဖို့အတွက် 64 ဆိုတဲ့နေရာမှာ အမှန် ခစ်လေးကို ခြစ်ပေးလိုက်ပါမယ် 

 
ဒီအခါမှာ အထက်ပါပုံအတိုင်းပေါ်လာမှာဖြစ်ပါတယ်။ ဒါကတော့64 အတွက်
လိုအပ်တဲ့ Driver ကို ထပ်သွင်းဖို့ဖ်ြစပါတယ်။ ကျွန်တော်က CannonLBP2900
ကို အခြေပြုပြီး ပြထားတာဖြစ်ပါတယ်။ ဒါကြောင့် Cannon LBP 2900 Driver
ခွေကို ODD ထဲထည့်လိုက်ပါမယ်။ ပြီးသွားရင် Browse ထဲကနေတဆင့်
အောက်ပါပုံအတိုင်း




English ဆိုတာကတော့ Driver သွင်းရင် ပြမယ့် ဘာသာစကားဖြစ်ပြီး X64 ဆိုတာကတော့ 64 Bit Driver ဖိုင်ဖြစ်ပါတယ်။ Driver ဆိုတာကတော့ လိုအပ်တဲ့ ဖိုင်ရှိတဲ့နေရာဖြစ်ပါတယ်။သူအတွက်လိုအပ်တဲ့ဖိုင် နာမည်ကိုကိုတော့




အထက်ပါပုံအတိုင်း File Name ထဲမှာ ဖော်ပြထားပေးတာဖြစ်ပါတယ်။အဲ့ဒီဖိုင်လေးကို ရွေးပီး Open နှိပ်ပေးလိုက်ရမှာဖြစ်ပါတယ်။ဒါဆိုရင် 64 အတွက်လိုအပ်တဲ့ Driver ကို Install လုပ်သွားမှာဖြစ်ပါတယ်။အားလုံးပြီးသွားတဲ့အခါမှာတော့ လက်ရှိ 32 မှာ Share ထားတဲ့Printer ကို 64 ကနေလှမ်းယူပြမှာဖြစ်ပါတယ်။ ဒီတော့ 64 ကွန်ပျူတာပေါ်ကနေ




 Network အတိုင်း ပတ်လမ်းပေးပြီး သွားလိုက်ပါမယ်။




အထက်ပါပုံအတိုင်းကတော့ ကျွန်တော့် 32 ထဲက Share ထားတဲ့ ဖိုလ်ဒါနဲ့ ပရင်တာတွေပဲဖြစ်ပါတယ်။ ဒီတော့ LPB 2900 ကို အရင်ချိတ်ဆက်မှာဖြစ် တဲ့အတွက် ထို ပရင်တာအမျိုးအစားမှာ Right Click နှိပ်ပြီး Connect လုပ်
လိုက်ရမှာဖြစ်ပါတယ်။ ဒါဆိုရင်တော့ ထို 64 ကွန်ပျူတာထဲမှာ လိုအပ်တဲ့Printer Driver ကို



အထက်ပါပုံအတိုင်းပေါ်လာပြီဆိုရင်  Install Driver ဆိုတာကို နှိပ်ပေးလိုက်
ပါမယ်။ပြီးသွားရင်တော့



အထက်ပါပုံအတိုင်း ပေါ်လာပြီဆိုရင်တော့ OK ကိုနှိပ်ပေးပြီး သင့်စိတ်ကြိုက် 32 ကွန်ပျူတာက Share ထားတဲ့ Printer ကို 64 ကနေ လှမ်းပြီးလွယ်လင့် တကူ Print ထုတ်နိုင်မှာဖြစ်ပါတယ်။ အားလုံးပဲ အဆင်ပြေမယ်လို့မျှော်
လင့်ပါတယ်။ အဆင်မပြေမှုများရှိပါကလည်း ကျွန်တော့် ထံတွင် FB မှ ဖြစ်စေ Replay Box မှဖြစ်စေ အချိန်မရွေးမေးမြန်းနိုင်ပါတယ်။လေးစားစွာဖြင့်


ညောင်ညိုသားလေးသို့ { ဒီမှာ} သွားလိုက်ပါ 


0 comments:

Post a Comment