Our social:

July 01, 2015

Li-on ဘက်ထရီသက်တမ်း နှစ်ဆမြှင့်ပေးမည့် နည်းပညာသစ်ကို Samsung ဖန်တီးနေ


                 


Samsung ရှိ သုတေသီများစွာသည် နာနိုနည်းပညာအရ ဘက်ထရီသက်တမ်း ပိုမိုတာရှည်ခံသော lithium-ion ဘက်ထရီများ တည်ဆောက်ရန် နည်းလမ်းသစ်တစ်ခုကို တိုးတက်အောင် လုပ်ဆောင် လျက်ရှိကြောင်းသိရသည်။

သုတေသီများသည် lithium-ion ဘက်ထရီများတွင် ဆီလီကွန်အသုံးပြုမှုကို ကျယ်ပြန့်စွာ လေ့လာနေ ကြသည်။ သို့ရာတွင် Li-On ဘက်ထရီကဲ့သို့ စွမ်းအင်အရာဝတ္ထုများတွင် ဆီလီကွန်အသုံးပြုမှုသည် အားဝင်ခြင်းနှင့် အားမဝင်ခြင်း လည်ပတ်မှုများအတွင်း ထုထည်ပြောင်းလဲမှုများ ဖြစ်ပေါ်နေသည်။ ထို့ကြောင့် စွမ်းအင်သိပ်သည်း လည်ပတ်သော ဘက်ထရီသက်တမ်းကို အားပျော့စေကြောင်း သိရသည်။

ထိုအတွက်ကြောင့် သုတေသီများသည် အဆင့်မြှင့်တင်ထားသော လျှပ်စစ်စွမ်းအင်အတွက် ဆီလီကွန် အဖိုတိုင် (anode) များ အသုံးပြုခဲ့သလို ဘက်ထရီ၏မျက်နှာပြင်၌ graphene အလွှာများကို ဖုံးအုပ်လိုက်သည်။ သုတေသီများအနေဖြင့် ဆီလီကွန် နာနိုအမှုန်များထိပ်တွင် graphene ဖုံးအုပ်ခြင်းဖြင့် ဆီလီကွန် အဖိုတိုင် စွမ်းဆောင်ရည်ကို ချိန်ညှိပေးနိုင်ကြောင်း တွေ့ရှိခဲ့သည်။

Graphene သည် အလျား၊ အနံ၊ အမြင့်၊ ထုထည် ၂ ခုစီဖြင့် ဖန်တီးထားသော ကာဗွန်ဝတ္ထုဖြစ်ပြီး ၎င်းကို သိပ္ပံပညာဆိုင်ရာ တွေ့ရှိချက်များစွာတွင် အသုံးပြုလျက်ရှိသည်။ ထို့အပြင် အဆိုပါ ဒြပ်စင်ကို သုတေသန ပြု လုပ်ရန် Graphene Flagship Consortium အဖွဲ့မှ ကန်ဒေါ်လာ ၁.၃၅ ဘီလီယံ ထောက်ပံ့ထားသည်။

၎င်းနည်းပညာသစ်ဖြင့် ဖန်တီးထားသော ဘက်ထရီများကို စမ်းသပ်ခဲ့ရာ သမားရိုးကျ Li-On ဘက်ထရီများ ထက် စွမ်းအင်သိပ်သည်းဆ ၁.၅ မှ ၁.၈ ဆအထိ ရှိလာကြောင်း သိရသည်။ အကယ်၍ စမတ်ဖုန်းများတွင် အဆိုပါ ဘက်ထရီနည်းပညာ ပါဝင်လာပါက ၁၃ နာရီသာ အသုံးပြုနိုင်သည့်ဘက်ထရီသည် အားသွင်းစရာ မလိုအပ်ဘဲ ၂၄ နာရီအပြည့် သုံးစွဲလာနိုင်မည် ဖြစ်သည်။ သို့သော်လည်း ယခုနည်းပညာသည် သုတေသန ပြုလုပ်နေဆဲ အဆင့်တွင်သာ ရှိသေးသည်။

Ref: SlashGear
Credit to ==> Internet Journal



ညောင်ညိုသားလေးသို့ { ဒီမှာ } သွားလိုက်ပါ


0 comments:

Post a Comment