Our social:

July 01, 2015

Samsung ၏ Tizen စမတ်ဖုန်းသစ်များကို ယခုနှစ်တွင် ဖြန့်ချိဖွယ်ရှိ

                      

ကိုယ်ပိုင် Tizen operating system အသုံးပြုထားသော စမတ်ဖုန်းသစ်အချိ့ကို ယခုနှစ်တွင် ဖြန့်ချိသွားရန် Samsung မှ စီစဉ်နေကြောင်း Reuters မှ ဖော်ပြခဲ့သည်။

ကုမ္ပဏီ၏ အစီအစဉ်များနှင့် နီးစပ်သိကျွမ်းသူများ၏ ပြောကြားချက်များကို Retuers မှ ကိုးကားဖော်ပြချက်အရ Samsung သည် ဟန်းဆက်အမျိုးမျိုးကို ဈေးအမျိုးမျိုးဖြင့် ဖြန့်ချိသွားဖွယ်ရှိကြောင်း သိရသည်။

Google ၏ Android ကဲ့သို့ပပင် Tizen သည် စမတ်ဖုန်းများ၊ tablet များနှင့် တယ်လီဗွီးရှင်းများ အပါအဝင် ထုတ်ကုန်အမျိုးအစား အားလုံးပေါ်တွင် အသုံးပြုနိုင်ရန် ရည်ရွယ်ထားသည့် open-source operating system တစ်ခု ဖြစ်သည်။ အဆိုပါ platform ဖွံ့ဖြိုးတိုးတက်လာရန် Samsung က ဦးစီးဆောင်ရွက်ခဲ့ပြီး Tizen Association အဖွဲ့ဝင်များဖြစ်သော Intel, Huawei နှင့် Panasonic အပါအဝင် နာမည်ကျော် နည်းပညာကုမ္ပဏီကြီးများက ထောက်ပံ့ကူညီခဲ့ကြသည်။

Tizen ကို မူလက Android နှင့် iOS တို့၏ မိုဘိုင်း operating system ဈေးကွက်တွင် ကြီးစိုးနေမှုကို အဖြေရှာရန်အတွက် ရည်ရွယ်ဖန်တီးခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း နှောင့်နှေးကြန့်ကြာမှုများနှင့် အခက်အခဲများကြောင့် Samsung က တန်ဖိုးနည်း ဈေးကွက်များကို ရှာဖွေနေသော ဖွံ့ဖြိုးစဈေးကွက်များရှိ သုံးစွဲသူများအတွက် ရည်ရွယ်ချက် ပြောင်းလဲခဲ့သည်။

Samsung သည် ၎င်း၏ Tizen အသုံးပြု စမတ်ဖုန်းဖြစ်သော Z1 ကို ဇန်နဝါရီလက အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်တို့တွင် ဖြန့်ချိပေးခဲ့သည်။ အဆိုပါ စမတ်ဖုန်းကို စာချုပ်မပါ အမေရိကန်ဒေါ်လာ ၁၀၀ ဖြင့် ရရှိနိုင်သောကြောင့် ၎င်းဈေးနှုန်းမှာ စမတ်ဖုန်း အသုံးပြုချင်သော်လည်း Android နှင့် iOS အတွက် ဈေးမတတ်နိုင်သည့် သုံးစွဲသူများအတွက် အဆင်ပြေခဲ့သည်။

Tizen ကို ကုမ္ပဏီ၏ ဝတ်ဆင်နိုင်သော ထုတ်ကုန်များအပါအဝင် အခြားသော Samsung ထုတ်ကုန်များတွင် အသုံးပြုခဲ့သည်။ Samsung Gear S နှင့် Gear 2 အပါအဝင် ဝတ်ဆင်နိုင်သော ထုတ်ကုန်များတွင် Tizen ကို အသုံးပြုထားပြီး ၂၀၁၅ ခုနှစ်တွင် ကုမ္ပဏီ၏ စမတ်တီဗွီများ၌ Tizen ကို အသုံးပြုသွားမည်ဟု Samsung က ဇန်နဝါရီလတွင် ပြောကြားခဲ့သည်။

Ref: CNET
Credit to ==> Internet Journal



ညောင်ညိုသားလေးသို့ { ဒီမှာ } သွားလိုက်ပါ



0 comments:

Post a Comment