Our social:

July 02, 2015

Apple ID ကို မိမိiPhone/iPad ဖြင့်အလွယ်တကူဖွင့်နည်း


ကျွန်တော်တို့iOS userတွေအနေနဲ့ idevice တစ်ခုခုကိုပိုင်ဆိုင်လာပြီဆိုရင် Apple ID ဆိုတာလဲမရှိမဖြစ်ပါ။ ဒါကလဲမခက်ပါဘူး။မိမိရဲ့Device ပေါ်နေပဲအလွယ်တကူဖွင့်နည်းကိုကျွန်တော်ပြောပြပါ့မယ်။ အခါသင့်ရင်လဲ iTunes နဲ့ဖွင့်နည်းကိုကျွန်တော်တင်ပြသွားပေးပါဦးမယ်။
***Apple ID ကိုမဖွင့်သေးခင် Setting >> iTunes & App Store >> Apple ID သို့ဝင်ရောက်ပြီး Sign out အရင်လုပ်ပေးထားပါ..ဒါမှApp Store ထဲဝင်ပြီးဖွင့်တဲ့အခါမှာ Box တစ်ခုကျလာမှာဖြစ်ပါတယ်...***

၁.ပထမဦးစွာ App Store ကိုဝင်ပါ။ကိုယ်ကြိုက်တဲ့Free App တစ်ခုကိုဒေါင်းလိုက်ပါ။
၂.ဒီအခါကျရင်Boxတစ်ခုကျလာပါလိမ့်မယ်။


၃.Create new Apple ID ကိုရွေးပါ
၎. ပြီိးရင် Storeကို ကိုယ်ကြိုက်တဲ့ country ထားပါ (ကျွန်တော်ကတော့လောလောဆယ် US storeနဲ့ရှင်းပြသွားပေးပါမယ်)
၅.ပြီးလျှင်Nextကိုနှိပ်ပါ။ထပ်ပြီး Agree ကိုနှိပ်ပါ

၆. ဒီနေရာမှာ ကိုယ့်ရဲ့Email နဲ့ Password ကိုပေးရမှာဖြစ်ပါတယ်။Password ကိုပေးရင်အရှေ့ဆုံးစာလုံးကို Capital letter နဲ့ရေးပြီး အနောက်တွင်ဂဏန်းတစ်ခုခုပါဝင်ရပါမယ်

၇. Security Answer နဲ့ Question တွေကိုအဆင်ပြေမယ်ဆိုရင်ကိုယ်နဲ့အဆင်ပြေစေမယ့် ကိုယ်မှတ်ရလွယ်မဲ့ဟာလေးတွေပေးစေချင်ပါတယ်။ (Password ကိုပြောချင်းမဟုတ်ပါ)။ 
နောက်ပြီး ကိုယ့်မှာနောက်ထပ်Emailတစ်ခုထပ်ရှိသေးတယ်ဆိုရင်တော့ Rescue Mail ပါထည့်ပေးထားစေချင်ပါတယ်။ဘာလို့လဲဆိုတော့ အကြောင်းတစ်ခုခုကြောင့် ကိုယ့်Apple ID ရဲ့ Password မေ့သွားခဲ့ရင် ဒီနှစ်ခုနဲ့ပြန်လည်ရယူနိုင်တာကြောင့်ပါ။  
အချက်အလက်တွေဖြည့်ပြီးရင်တော့ NEXTကိုနှိပ်ပါ။
၈. ဒီအဆင့်က ကိုယ့်ရဲ့ Billing information နဲ့ပတ်သက်တာတွေကိုထည့်ပေးရမှာဖြစ်ပြီး အမှန်တကယ် Bank Card သုံးစွဲသူဆိုပါက သေသေချာချာစိစစ်ရန်လိုအပ်ပါတယ်။
ကျွန်တော်ကတော့ Free Account တစ်ခုကိုဖွင့်နည်းပြပါမယ်
၉. None ဆိုတဲ့နေရာကိုအမှန်ခြစ်ပေးပါ
အောက်ဆက်သွားရင် ကိုယ့်ရဲ့လိပ်စာတွေကိုထည့်ပေးရမှာဖြစ်ပါတယ်။
***  US,CANADA,SINGAPORE လိပ်စာများယူရန် ဤနေရာ ကိုနှိပ်ပါ  ***
၁၀. ဒီနေရပ်လိပ်စာဖြည့်တဲ့နေရာမှာ ကိုယ်က US Store ရွေးခဲ့ရင် US လိပ်စာ။ Canada store ဆို Canada လိပ်စာမှန်ကုန်စွာထည့်ပေးပါ

ပြီးရင်တော့ Next ကိုနှိပ်ပါ။
၁၁. ကဲအခုဆိုရင် မိမိရဲ့Emailကိုတစ်ချက်ဖွင့်ပြီး Apple ID အတွက် Verify လုပ်ပေးလိုက်ပါ
 
Verify လုပ်ပြီးရင်တော့ သင်ဟာ မိမိရဲ့ကိုယ်ပိုင်Apple ID တစ်ခုကိုပိုင်ဆိုင်သွားပြီပဲဖြစ်ပါတယ်။
 *** Verify လုပ်ဖို့အတွက်ကို သင့်ရဲ့ Email မှာ Apple မှ ပို့သော Mail တစ်စောင်တွေ့ပါမယ်
*** အဆိုပါ Mail ထဲသို့ဝင်ကာ Verify Now ကိုနှိပ်၍ သင့်ရဲ့ Apple ID နဲ့ Password ကိုရေးထည့်ပေးလိုက်ရင် ပြီးပါပြီ
အဆင်ပြေကြပါစေ . . .
THINK DIFFERENT ...
HtetWai(iOSKnowledgeBank.MM)



ညောင်ညိုသားလေးသို့ { ဒီမှာ } သွားလိုက်ပါ


0 comments:

Post a Comment