Our social:

July 03, 2015

Network ကို ကိုယ်တိုင်လုပ် Shortcut လေးတွေနဲ့ ၀င်ကြမယ်

                                      

ကျွန်တော်တို့ LAN ထဲမှ ကွန်ပျူတာတွေကို MyNetwork Placeကနေမသွားပဲ Notepad ထဲမှာ ပတ်လမ်းပေး၊ Batch File လေးတည်ပြီး EXE အဖြစ်ပြောင်းပြီး Desktop ပေါ်မှာ တင်ပြီး မိမိဝင်ချင်တဲ့စက်တွေ ထဲကို အလွယ်တကူနဲ့ဝင်နိုင်အောင်ဖြစ်ပါတယ်။ကဲအရင်ဆုံး ကျွန်တော်တို့ က မိမိ Network ထဲမှာရှိတဲ့ စက်တွေရဲ့ နံမည်ကို အရင်ကြည့်ပါမယ်။ ဘယ်လိုကြည့်မလည်းဆိုတော့ Run Boxကိုဖွင့် “cmd ” လို့ရိုက်လိုက်ပြီး


အထက်ပါပုံအတိုင်း “net view” လို့ရိုက်လိုက်ပါမယ်။ ဒါဆိုရင်သင့် Network ထဲမှာ Link ရနေတဲ့ ကွန်ပျူတာတွေတန်းစီပြီးပေါ်လာမှာဖြစ်ပါတယ်။ ဒီအခါမှာ ကျွန်တော်တို့က ဘယ်စက်ထဲကိုဝင်ချင်တာလည်း ဥပမာ ကျွန်တော်က NAYCHI-AA ZARNI-IT,MATHAZIN, စသဖြင့် ထို သုံးလုံးကို ဥပမာပေးပြီးပြပါ့မယ်။ ကဲဒီတော့ ဒုတိယလုပ်ဆောင်ရမယ့် ဟာကတော့ notepad ကိုဖွင့်လိုက်ပါမယ့် Notepad ထဲမှာရိုက်ရမယ့် Command ကတော့



အထက်ပါပုံအတိုင်း @echo off Title Network Path tart \\NAYCHI-AA Sဆိုပြီးတော့ရိုက်ပြီး SaveAs မှာ Naychi.bat ဆိုပြီး သိမ်းလိုက်ပါ့မယ်။ဒါဆိုရင် Network ပတ်လမ်းအတွက် Batch ဖိုင်တစ်ခုရေးပြီးသွားတာပါ
ဒါကို ကျွန်တော်တို့က EXE ဖိုင်ဖြစ်အောင် Converter တစ်ခုခုနဲ့ Complieလုပ်မှာဖြစ်ပါတယ်။ဒီတော လိုအပ်တဲ့ Bat to exe converter လေးကိုတော့ http://www.battoexeconverter.com/ မှာဒေါင်းပါမယ်။ဖိုငစိုက်ဒ်ကလည်း သေးသေးလေးပါ။ ဒေါင်းပြီးသွားရင်တော့ထို Program ကို Run လိုကပါ့မယ်။



ပြီးသွားရင် Build EXE ဆိုပြီး နှိပ်လိုက်တဲ့အခါ



အထက်ပါပုံအတိုင်းမှာ Select Icon မှာ မိမိစိတ်ကြိုက် Icon
များကိုထည့်သွင်းပြီး Build EXE ဆိုတာလေးကို နှိပ်ပေးလိုက်ရ
မှာဖြစ်ပါတယ်။ ဒါဆိုရင်တော့ 



အထက်ပါပုံအတိုင်း မိမိစိတ်ကြိုက် Created လုပ်ထားတဲ့ Icon
လေးတွေနဲ့ EXE ဖိုငလေးတွေတန်းပြီး အသုံးပြုနိုငမှာဖြစ်ပါတယ်။
လေးစားစွာဖြင့်


ညောင်ညိုသားလေးသို့ { ဒီမှာ } သွားလိုက်ပါ


0 comments:

Post a Comment