Our social:

July 03, 2015

Driver Package Installer (*.exe) တစ်ခုဖန်တီးခြင်း



ကျွန်တော်တို့ ကွန်ပျူတာတစ်လုံးမှာ ၀င်းဒိုးပြန်တင်တဲ့အခါမှာ အဓိက အာရုံနောက်ရတဲ့အချက်က Driver ပြဿနာပါ။ အကယ်လို့ Online ချိတ်ဆက်ထားတယ်ဆိုရင်တော့အကြောင်း မဟုတ်ပေမယ့်။ Online ချိတ်ဆက်ထားမှုမရှိတဲ့အခါမျိုးမှာ လက်ရှိ ၀င်းဒိုး စနစ်တစ်ခုမှာ ရှိထားပီးသော Driver တွေကိုတော့ ပြန်လည်သွင်းရမှာ အနည်းငယ်နှောင့်နှေးခက်ခဲမှုရှိပါတယ်။ ဒါကြောင့် ကျွန်တော် တို့က Driver Backup လုပ်နည်းများစွာထဲမှာမှ Driver Pack Solution 2013 ဖြင့် လက်ရှိ Driver များကို EXE ဖိုင်အဖြစ်Backup & Convert လုပ်နည်းဖြစ်ပါတယ်။ကဲ စကားတွေလည်းများ သွားပီဆိုတော့ ဆက်လိုက်ရအောင် အရင်ဆုံး သင့် ကွန်ပျူတာထဲကို Driver Pack Solution13 ကိုထည့်လိုက်ပါပီးရင်တော့ ထုံးစံအတိုင်း




မျှားအနီပြထားသော DriverPackSolution.exe ဆိုတဲ့ ဖိုင်ကို Double Click နှိပ်လိုက်ပါမယ်။ဒီအခါမှာတော့ Driver Pack Solution 13 Run လာတဲ့အခါမှာတော့ အောက်ပါပုံအတိုင်းမှ


                                      Backup ဆိုတာကိုနှိပ်လိုက်ပါမယ်။ဒီအခါမှာတော့



အထက်ပါပုံအတိုင်းမှ Backup from the Datebase ဆိုတဲ့ဘေးမှာ မှင်အနီဝိုင်းပြထားတဲ့နေရာလေးမှာ အမှန်ခြစ်တပ်ထားပေးရမှာဖြစ် ပါတယ်။ ဘာလို့လည်းဆိုတော့ သူက .EXE format ကို တန်းပီး Convert
လုပ်ဖို့ဖြစ်ပါတယ်။ အလားတူပဲ Backup from the sytem မှာလည်း အမှန် ခြစ်ထားပေးရပါမယ်။ ဒီနေရာမှာတစ်ခုပြောချင်တာက နှစ်မျိုးရှိပါတယ်။Database ကနေကော  System ကနေကော Backup လုပ်တာမှာပါတယ်။ ဒါကြောင့် နှစ်မျိုးလုံးကို တစ်ခုချင်းစီ Backup လုပ်ပီးသွားတဲ့ အခါမှာတော့



အထက်ပါပုံအတိုင်း drp.exe နဲ့ win.exe ဆိုပီး ပေါ်လာမှာဖြစ်ပါတယ်။၎င်းဖိုင်နှစ်ဖိုင်အား CD ဖြင့် ဘမ်းထားပီး သင့် စက်ရဲ့ Driver ခွေအဖြစ် သိမ်းဆည်းထားပီး သင့်စက်အားဝင်းဒိုးတင်လိုက်တဲ့အချိန်တိုင်းမှာ  ၄င်း Exe ဖိုင်နှစ်ခုအား Install လုပ်ပေးခြင်းဖြင့် Driver များကို အလိုအလျောက် သွင်းပေးမှာဖြစ်ပါတယ်။ကဲ ဒီလောက်ဆိုရင်သင့်ကွန်ပျူတာ Laptop ပဲ ဖြစ်ဖြစ် Desktop ပဲဖြစ်ဖြစ် Driver ကိစ္စများအတွက် အာရုဏ်နောက်ခြင်းမှ ကင်းဝေးပီး အလွယ်တကူ Driver Backup လုပ်နိုင်ကြမှာဖြစ်ပါတယ်  လေးစားစွာဖြင့်

ညောင်ညိုသားလေးသို့ { ဒီမှာ } သွားလိုက်ပါ


0 comments:

Post a Comment