Gtalk ကိုအကာင့်ဟောင်းထဲမှ သူငယ်ချင်းများကို Gtalk အကောင့်အသစ်သို့ ပြောင်းခြင်း
Gtalk တစ်ခုအသစ်ဖွင့်ပြီးလို့ gtalkအဟောင်း ထဲကသူငယ်ချင်းအားလုံးကို အကုန်လုံးလိုက်အပ်စရာမလိုပဲနဲ့ အင်ဗိုက်လုပ်လို့ရပါတယ်။ အကောင့်အသစ်ထဲကိုအကောင့်ဟောင်း ထဲ ကသူငယ်ချင်းတွေ
ပြန်ခေါ်တဲ့သဘောပေါ့။ အကုန်လုံးကိုပြန်အင်ဗိုက်လုပ် မယ်ဆိုပါတော့ ။ အရင်ဆုံး gmail (အကောင့်အဟောင်း)ကိုဖွင့်ပါ။ Contacts ဆိုတာကိုရှာပါ။ တွေ့ပြီဆိုရင်ကလစ်ပေးပါ။ အပေါ်ဘားတန်းလေးမှာ Add to “ My Contacts”/ Groups / Email /more ဆိုတာကိုတွေ့ပါလိမ့်မယ်။ အဲဒီမှာ More ကိုကလစ်ပေးပါ ။ Export ဆိုတာကိုထပ်ပြီးကလစ်ပေးပါ။ ပြီးရင် box လေးတစ်ခုကျလာပါလိမ့်မယ်။ Export ကို ကလစ် ပေးပါ။ Excel ဖိုင်လေးဒေါင်းလော့ကျလာပါလိမ့် မယ်။ အဲဒီဖိုင်လေးကို ဒေါင်းလော့ချပြီးမြင်သာတဲ့နေရာ ကိုရွေ့ထားပါ။ အခုတစ်ခါ gmail (အကောင့်အသစ်) ကိုပြန်ဖွင့်ပါ။ခုနက အကောင့်ဟောင်းမှာလုပ်ခဲ့တဲ့အတို င်းပဲ သွားပါ။ More ကိုရောက်တဲ့အခါ Import ဆိုတာကိုရွေးရပါ့မယ်။ Browse ကနေ ခုနကဒေါင်းလော့ချထားတဲ့ ဖိုင်လေးကို ရွေးပြီး Import ပေးလိုက်ရင် သူငယ်ချင်းဟောင်းတွေဆီအားလုံးကို အော်တို အင်ဗိုက်လုပ်ပြီးဖြစ်ပါလိမ့်မယ် ။တစ်ခုသတိပေးချင်ပါတယ်။ ဆိုင်မှာအသုံးပြုမယ့် မိတ်ဆွေများဆိုရင် ဖိုင်ကို Import လုပ်ပြီးတာနဲ့ တခါတည်းဖျတ်ပစ်ခဲ့ပါ။ မိမိသူငယ်ချင်းလေးတွေပါသွားမှာ စိုးလို့ပါ။အကုန်လုံးကိုပြန် အင်ဗိုက်မလုပ်ချင်ဘူး ။ ရင်းနှီးတဲ့သူငယ်ချင်းတွေဘဲ ပြန်ထည့်ချင်တယ်ဆိုရင်တော့ Export မတင်ခင်မှာ အောက်မှာရှိတဲ့ နာမည် လေးတွေရဲ့ ဘေးမှာ ရင်းနှီးတဲ့သူတွေအကောင့်ကိုပဲ အမှန်ခြစ်လေးတွေ လိုက်ခြစ်ပေးပြီးမှ Export တင်ပါ။
ပြန်ခေါ်တဲ့သဘောပေါ့။ အကုန်လုံးကိုပြန်အင်ဗိုက်လုပ်
0 comments:
Post a Comment