Our social:

May 24, 2015

Samsung Gingerbread တွေအတွက် Universal GB Root (Root ဖောက်နည်း




ခုတစ်ရက်နှစ်ရက်မှာ Root Tool လေးတွေတင်ဖြစ်ပါတယ်.. မိတ်ဆွေများအတွက် အကျိုးတစ်ခုခု ရလိမ့်မယ်လို့လည်း ယုံကြည်ပါတယ်.. ဒါပေမယ့် Comment တွေက သိပ်အားရစရာ စကားလုံးတွေ မတွေ့ရဘူး.. ကျွန်တော်တင်ပေးတဲ့ Root Tool  က မိတ်ဆွေတို့အတွက် ဖျက်ဆီးရေး ပရိုဂရမ် တစ်ခု မဟုတ်တာတော့ သေချာပါတယ်..

ဒီတစ်ခါ Samsung တွေထဲက Gingerbread ( Android OS v 2.3.3-2.3.7+) တွေအတွက် သီးသန့် Universal Root Tool တစ်ခုကို မျှဝေပေးချင်ပါတယ်.. သိပြီးသား၊ သုံးဖူးပြီးသားလူတွေအတွက်တော့ ဖတ်စရာမလိုလောက်ပါဘူး.. ဒါပေမယ့် လိုအပ်နေသူတွေအတွက်ကတော့ အကျိုးရှိစေမှာပါ..
Root လုပ်နိုင်တဲ့ SAMSUNG စာရင်းကတော့-

SAMSUNG GALAXY MODELS: GT-S5570, GT-S5570B, GT-S5570I, GT-S5570L, GT-S5571, GT-S5578 (Chinese Mini), GT-S5660, GT-S5660M, GT-S5660L, GT-S5660V, SHW-M290K (Korean Gio), GT-S5670, GT-S5670B, GT-S5670L, GT-S5830, GT-S5830B, GT-S5830C, GT-S5830D, GT-S5830F(La Fleur), GT-S5830i, GT-S5830L, GT-S5830M, GT-S5830T, GT-S5830V, GT-S5830Z, GT-S5839i, GT-S6802, GT-B5330, GT-B7510, GT-B7510B, GT-B7510L, GT-B7800, GT-B5510, GT-B5510B, GT-B5510L, GT-B5512, GT-B5512B, GT-S6102, GT-S6102B, GT-S5300, GT-S5300B, GT-S5302, GT-S5360, GT-S5360B, GT-S5360L, GT-S5360T, GT-S5363, GT-S5369, GT-S5690, GT-S5690i(new), GT-S5690L, GT-S5690M, GT-S5690R(new), GT-I8150, GT-I8150B, GT-I5510, GT-I5510B, GT-I5510L, GT-I5510M, GT-I5510T, SCH-i509, SGH-T499, SGH-T499Y(new), SGH-T499V(new), SGH-T499W(new), SGH-T589, SGH-T589R, SGH-T589W(new), SGH-I827, SGH-I837, SGH-I857. တွေပဲဖြစ်ပါတယ်..

လုပ်နည်းကတော့
1. မိမိဖုန်းမှာ Settings -> Applications -> Unknown sources ကိုသွားပြီး Unknown sources ကို အမှန်ခြစ် ထားရပါမယ်..
2. ဒေါင်းလို့ရလာတဲ့ universal gb root v25 by maungpauk.zip ဆိုတဲ့ ဖိုင်ကို မဖြည်ဘဲ ဖုန်းရဲ့ SD Card ထဲကို ထည့်လိုက်ရပါမယ်.. ထည့်တာကတော့ ဘယ်လိုနည်းနဲ့ပဲထည့်ထည့်ပေါ့.. ဖုန်းထဲက SD Card ထဲမှာ universal gb root v25 by maungpauk.zip လေးရောက်သွားဖို့ပါပဲ..
3. ဖုန်းကို ကွန်ပျူတာနဲ့ချိတ်ထားရင် ဖြုတ်လိုက်ပါ.. ပြီးရင် Power ပိတ်ပြီး Vol up + Home + Power တွဲနှိပ်ကာ Recovery Mode ကို ၀င်လိုက်ပါ..
4. Recovery Mode မှာ ဖုန်းပေါ်က Volume- နဲ့ Volume + ခလုပ်တွေကိုသုံးပြီး  Apply update from SD card ကိုရောက်အောင်ရွှေ့ပါ.. ရောက်ရင် Home Button ကိုတစ်ချက်ဖိပြီးဝင်လိုက်ပါ.. SD Card ထဲကိုမြင်ရပါမယ်..

ခုနကလိုပဲရွှေ့ပြီး universal gb root v25 by maungpauk.zip ကိုရောက်အောင်သွားပါ.. ပြီးရင် Home Button ကိုထပ်နှိပ်လိုက်ပါ... သူ Root နေပါပြီ..
5. ခဏကြာရင် Install from SD Card Complete ဆိုပြီး အောင်မြင်ကြောင်း စာလေး မြင်ရပါမယ်..
Reboot system Now ကိုရွေ့ပြီး Home တစ်ချက်နှိပ်လိုက်ပါ..

ဖုန်းက Reboot ကျသွားပြီးပြန်တက်လာရင် App List ထဲမှာ SuperSU ကိုရှာပါ.. တွေ့ရင် ပေါက်သွားပြီဗျို့.. Root ပြောပါတယ်..

အဆင်ပြေကြပါစေ
လိုအပ်တဲ့ဖိုင်ကို ဒေါင်းရအောင်..

samsung-usb-drivers



ညောင်ညိုသားလေးသို့ { ဒီမှာ } သွားလိုက်ပါ






0 comments:

Post a Comment