Our social:

May 25, 2015

OPPO ဖုန်း အား လွယ်ကူစွာ Firmware တင်နည်း ( No Need Computer )



မင်္ဂလာပါ 

သည်တခါတော့ ကျွန်တော် လေ့လာ သိရှိ သလောက် နည်းပညာလေး တွေထဲက မိုဘိုင်း လောကမှာ ထိုးဖောက် ၀င်ရောက် လာပြီး ထိုင်းနိုင်ငံမှာ Samaung ပြီးရင် Android Os စမတ်ဖုန်း ထဲမှာ ဒုတိယ ရောင်းအား အကောင်းဆုံး ဖြစ်တဲ့ OPPO ဖုန်းတွေကို ဘယ်လို ဖန်းဝဲလ် တင်ကြမယ်ဆို တဲ့ နည်းလမ်း လေးကိုဘဲ ရေးသား မျှဝေသွားမှာ ဖြစ်ပါတယ်..။ 

ဒါကြောင့် Oppo ဖုန်း အသုံး ပြုသူများ အတွက် အထူး ရည်ရွယ်ကာ သည်နည်းလမ်း လေးကို ကျွန်တော် ရေးသား မျှဝေ လိုက်ပါတယ်။

OPPO စမတ်ဖုန်းများ ကတော့ အရင်က Normal Rom များနဲ့ မတူဘဲ ယခုအခါ မှာတော့ Color Os Rom များ ကို အသုံး ပြုလာ ကြပြီ ဖြစ်တာကိုတွေ့ ရပါမယ်။

(ဥပမာ --Find 5 စထွက် စဉ် က Normal rom ပါ၊ ယခု အခါ မှာတော့ Color Os အဖြစ် အရောင်းဆိုင် များမှာ ရှိနေတာကို တွေ့မြင် ကြရမှာ ဖြစ်ပါတယ် ) Color Os များမှာ များသော အားဖြင့် မြန်မာ (ဗမာ) ဘာသာ စကား ပါဝင် လာတာတွေ့ ရပါတယ်။

Color Os များ မှာ ထူးခြားတဲ့ Feature သစ် များစွာ ပါရှိလာပြီး သုံးရတာ သွက်လက် မြန်ဆန် လာတာမို့ OPPO သုံး သူငယ်ချင်းများ အနေဖြင့်
လက်ရှိ Normal Rom ဖြစ်ပါက Color Os Rom များသို့ update လုပ် သုံးသင့် ပါသည် ဆိုတာကို ဦးစွာ အကြံပြု လိုက်ခြင်း ဖြစ်ပါတယ်..

oppo ဖုန်းများဟာ rom / firmware များကို တခြား ဖုန်းတွေလို flash tool များနှင့် Computer မလိုဘဲ မိမိတို့ ဖုန်းထဲ မှာတင် update / install လုပ်လို့ ရတာမို့ လွယ်ကူ စေပြီး ပိုပြီး အဆင်ပြေ စေပါတယ်။

Update လုပ်မယ် ဆိုရင် အောက်မှာ ဖော်ပြ ထားတဲ့ အတိုင်း လုပ်ဆောင် လိုက်ပါနော်...

သတိ ပြုသင့် တာလေးကို ပြောပါမယ် ၊၊ ၊၊ Color Os Rom မှ Version မြင့် Color Os Rom သို့ မြှင့်ပါက ပြသနာ မရှိသော်လည်း Normal Rom မှ Color Os Rom သို့ update လုပ်လျှင် တော့ဖြင့် storage ကို အလို အလျှောက် Format လုပ်မှာကြောင့် User data များ ပျက်ပါမည် (လိုအပ်လျှင် external SD မှာ backup လုပ်ထား သင့်ပါတယ်)
ဖုန်း model အလိုက် သက်ဆိုင်ရာ rom များ ကို အောက် ဖော်ပြပါ ဆိုက်များမှ download လုပ်ပါ။

(oppo logo မှာ ရပ်နေပြီး firmware သေနေတဲ့ ဖုန်းများလဲ ဒီ အဆင့်များ အတိုင်း ပြုလုပ်နိင် ပါတယ်)

OPPO FIRMWARE Colour/ Normal တို့ကို အောက်ကလင့်တွေမှာ ဒေါင်းယူနိုင် ပါတယ်။

▼ OPPO FIRMWARE DOWNLOAD ▼
And
▼ OPPO OS Colour / Normal ▼

ပေးထားတဲ့ ဆိုဒ်တွေမှာ oppo official update Rom/firmware များကို download ယူဖို့ အကောင်းဆုံး website တခု ဖြစ်ပါတယ်။

ဒီဆိုဒ်မှာတော့ color OS Rom နဲ့ Normal Rom ကို၂ မျိုး ခွဲပေး ထားပါတယ်) ဒေါင်းမယ် ဆိုလည်း အရမ်း လွယ်ကူပါတယ်.. ဖန်ဝဲလ်ထဲက မိမိဖုန်း မော်ဒယ် လိုက် ဖန်ဝဲလ် ကို ကလစ်လိုက်ပါ အောက်နားမှာ ကျလာတဲ့ မိမိဖုန်း ဖန်ဝဲလ် Download ဆိုတာလေး ကလစ်တာနဲ့ OneClick Downlaod ကျလာမှာ ဖြစ်ပါတယ်... တကယ် လွယ်ကူ ပါတယ်..

Oppo Firmware တင်ခြင်း 

မိမိတို့ ဒေါင်းလော့ ယူခဲ့သော Firmware Zip ဖိုင် ကို ဖုန်းရဲ့ SD card မှာ ကူးထား လိုက်ပါ။
နောက်ဖုန်း ပါဝါ ပိတ်ပါ၊ ဖုန်းရဲ့ ဘေး ဘယ်ညာတွင် ရှိသော (vol down+power button) အသံတိုးတဲ့ ခလုပ်နဲ့ ပါဝါ ခလုပ်ကို တွဲနှိပ်ပြီး Recovery mode ဝင်ပါ ..



Recovery mode ဝင်ရောက်နေတဲ့ အချိန်မှာ လက်ရှိ မိမိ ဖုန်းဟာ Normal Rom ဆိုရင် vol အထက် အောက် ကီးနဲ့ ရွေ့ပြီး apply update from sdcard ကို power ခလုတ် ကို နှိပ် ရွေးချယ်ပါ။ ပြီးလျှင် sd ကဒ် အတွင်း ကူးယူ ခဲ့ပြီးသော firmware / rom... zip ဖိုင် ကို ရွေးချယ် install လုပ်ပါ...


Firmware update ကို စတင်ပြီး ၁ မိနစ် ခန့် အကြာ Auto Reboot နဲ့ ဖုန်းပြန် ပွင့်လာရင် Firmware update လုပ်ပြီးသော ဖုန်းတလုံးကို စတင် သုံးနိုင်ပါပြီ...
(Nomal မှ Color သို့ မြှင့်ပါက အချိန် အနည်းငယ် ကြာတတ် ပါတတ်ပါတယ်)

Color Os Rom မှ Update Color Os Rom

Color Os Rom မှ Update Color Os Rom သို့ version မြှင့်သုံး ပါက ပုံမှာ ပြထားတဲ့ အတိုင်း Recovery mode ရဲ့  Select Language မှာ English ကို ရွေး ခဲ့ပါ..
Install from sd မှ From sd သွားပြီး copy လုပ်ထား ခဲ့ပြီးသော firmware / rom...zip ဖိုင်ကို ရွေးချယ် install လုပ်ပါ...အောက်ကပုံလေးတွေ အတိုင်းပေါ့



မိမိတို့ Firmware update ကို စတင် Install လုပ်အပြီး ၁ မီးနစ် ခန့် အကြာ Power off နဲ့ Reboot လုပ်ဖို့ ပြောပါ လိမ့်မယ် ဒါဆိုရင်တော့ မိမိတို့ အနေနဲ့ Reboot လုပ်ပါ။ ဖုန်းပိတ်ပြီး ပြန်ပွင့်လာရင် Color Os အဖြစ် Firmware update လုပ်ပြီးသော OPPO ဖုန်းတစ်လုံးကို တွေ့မြင်နိင်မှာ ဖြစ်ပါတယ်..

ကဲ ... အားလုံး အဆင်ပြေ ကြလိမ့်မယ်လို့ မျှော်လင့်ရင်း နည်းပညာလေး တွေကို ဆက်လက် လေ့လာပြီး ပြန်လည် မျှ ဝေ နေပါမည် ...


ညောင်ညိုသားလေးသို့ { ဒီမှာ } သွားလိုက်ပါ




1 comment:

  1. Oppo ဖုန်း အား လွယ်ကူစွာ Firmware တင်နည်း ( No Need Computer ) >>>>> Download Now

    >>>>> Download Full

    Oppo ဖုန်း အား လွယ်ကူစွာ Firmware တင်နည်း ( No Need Computer ) >>>>> Download LINK

    >>>>> Download Now

    Oppo ဖုန်း အား လွယ်ကူစွာ Firmware တင်နည်း ( No Need Computer ) >>>>> Download Full

    >>>>> Download LINK kp

    ReplyDelete