Our social:

September 09, 2015

ဗေဒင်ဝါသနာရှင်တွေ အတွက် ဆရာ ဇင်ယော်နီရဲ့ ဗေဒင်ဟောစာတမ်း apk( ဒေါင်းလုတ်လင့် 3 ခု)

11201605_688135621313679_8064567881852335314_n
contentshub ကထုတ်တဲ့ application ခပ်လန်းလန်းလေးတစ်ခုနဲ့ မိတ်ဆက်ပေးချင်လို့ပါ ခင်ညာ
ခေါင်းစဉ်ဖတ်ပြီး စိတ်ဝင်စားသွားကြမယ်ထင်တယ်
 ဟုတ်ပါတယ် တကယ်လည်း စိတ်ဝင်စားစရာ Application လေးတစ်ခုပါ။
ဘာလို့ဆိုတော့ ကျနောတို့ မြန်မာလူမျိုးတွေက ဗေဒင်တွေ ယတြာတွေကို စိတ်ဝင်စားကြတဲ့သူတွေ မဟုတ်လားဗျ။
အဲ့တော့ ဒီ Application လေးကို စိတ်ဝင်စားကြမှာ မဆန်းဘူးလေ။
ဒီလောက်ဆို ဘာ Application လေးဆိုတာ မပြောလဲ သိနေလောက်ပြီပေါ့
ဟုတ်ပါတယ်၊ ဆရာကြီး အဘ မင်းသိင်္ခရဲ့ သားတပည့်လို့ဆိုနိုင်တဲ့
ဆရာဇင်ယော်နီရဲ့ ခုနှစ်ရက်သားသမီများအတွက် နေ့စဉ်ဟောစာတမ်း Mobile Application လေးပါ။
မိုလ်ဘိုင်းထပ်ဆောင်း ၀န်ဆောင်မှုလုပ်ငန်းများနှင့် ဆက်စပ်နေသော လုပ်ငန်းများကို
ဝန်ဆောင်မှုပေးနေတဲ့ Contents Hub Co., Ltd. က ဖန်တီးထုတ်လုပ်လိုက်တဲ့
ဒီ Application လေးဟာ အသုံးပြုသူတွေကို
ဆရာ ဇင်ယော်နီကိုယ်တိုင် ကိုယ်ကျ ဟောကြားပေးနေသကဲ့သို့ ခံစားရမယ်လို့ ညွှန်းထားပါတယ်။
ခုနှစ်သားသမီးများအတွက် နေ့စဉ်ဟောစာတမ်းများဖြစ်သည့် ‘ယနေ့တစ်နေ့တာသင့်ကံကြမ္မာ’ တွင်
နေ့သားတစ်ဦးချင်းစီ၏ တစ်နေ့တာ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး၊ အချစ်ရေး ကံကြမ္မာအတက်အကျများ၊
တစ်နေ့တာအတွက် ရွေးချယ်သင့်သည့် အရောင်များ နှင့် ပြုလုပ်ပေးသင့်သော
ယတြာများကို အသုံးပြုသူတွေအနေနဲ့ အခမဲ့ နေ့စဉ်မပြတ်သိရှိနိုင်မှာဖြစ်သလို
တားရောဒ့်ကဒ်နှင့် ဟောသကဲ့သို စီမံထားသော ‘ယခုသိချင်တာ ဘာလဲဗျာ’ တွင်
သင့်အနေဖြင့် မိမိမေးမြန်းလိုသောမေးခွန်းကို စိတ်တွင် မှတ်၍ တွက်ချက်ရန်လို
အပ်ပြီး ထွက်ပေါ်လာတဲ့ ရလဒ်တွေက
သင့်စိတ်ကို အင်မတန်လှုပ်ရှားသွားစေပါလိမ့်မယ်ဟု ကြိုတင်စကားခံထားချင်ပါတယ်။
‘သင့်ဖူးစာကံသိဖို့ရန်’ တွင် သင့်ဘ၀ရဲ့ ဖူးစာဖက်အတွက် ဘယ်လိုနေ့သားတွေကို ဦးစားပေး ရွေးချယ်သင့်တယ်၊
ဘယ်နေ့သားတွေကို ရှောင်ရှားသင့်တယ်ဆိုတာကို သင့်ရဲ့မွေးနေ့နဲ့ မွေးသက္ကရာဇ် ကိုရိုက်ထည့်ပြီး မေးလို့ရပါတယ်။
သင့်ဘ၀မှာ ဘယ်လုပ်ငန်းတွေလုပ်ရင် ပိုပြီးတော့ အကျိုးပေးနိုင်သလဲဆိုတာကို ‘ချမ်းသာမယ့်လမ်းပြတဲ့လမ်း’
မှာ မွေးနေ့နဲ့မွေးသက္ကရာဇ်ထည့်ပြီး ရှာဖွေကြည့်ုနိုင်ပါတယ်။
ကဲ … ဒီလောက်ဆို ညွှန်းတာလေးတွေရပ်ပြီး သူငယ်ချင်းတို့ ကိုယ်တိုင်ပဲ လက်တွေ့သုံးကြည့်လိုက်တော့ဗျာ။
ထူးခြားဆန်းပြားတာတွေ ခံစားရရှိမှာ အသေချာပါပဲ။

Credit - http://www.contentshub.com/

www.patheinit.com
pyaephyokyaw

0 comments:

Post a Comment