Our social:

September 01, 2014

Facebook Account တစ်ခု ဆောက်နည်း


Facebook ဆိုတာ ကမ္ဘာကျော် လူမှုကွန်ရက် ဝက်ဘ်ဆိုက်ကြီးပဲ ဖြစ်ပါတယ်။ ယခု ၂၀၁၂ ခုနှစ်၊ သြဂုတ်လအထိဆိုရင် ကမ္ဘာတစ်လွှား Facebook အသုံးပြုသူပေါင်းဟာ သန်း ၉၀၀ ဝန်းကျင်အထိ ရှိလာပါပြီ။ Facebook ကို တုပဖို့အတွက် ကမ္ဘာကျော် Search Engine ကြီး Google ကလည်း Google+ ဆိုပြီး လူမှုကွန်ရက် ဆိုက်တစ်ခုကို တည်ထောင်ထားပါတယ်။ ဒါပေမယ့်လို့လည်း Google+ ကိုတော့ ကျနော်တို့ မြန်မာတွေ အနေနဲ့ အသုံးပြုမှု နည်းနေပါသေးတယ်။
Facebook မှာ ဘာတွေ လုပ်လို့ရသလဲ …? ဒီမေးခွန်းအတွက်ဆိုရင် အဖြေတွေက အများကြီး ရနိုင်ပါတယ်။ ပေါက်ကွဲတတ်တဲ့ လူငယ်အရွယ်တွေအတွက် ကိုယ့်ရဲ့ ဖီလင်တွေကို ကိုယ့်ရဲ့ သူငယ်ချင်းတွေကို ဖွင့်ဟပြောပြနိုင်မယ်။ ပြီးတော့ ထူးထူးခြားခြား ပုံလေးတွေ၊ ကိုယ်တိုင် ပြုလုပ်ထားတဲ့ ပုံလေးတွေ၊ ဗီဒီယိုတွေ၊ ကဗျာတွေ စသည်ဖြင့် အများကြီး မျှဝေခံစားနိုင်ပါတယ်။
နောက်တစ်ခုက Game ပေါ့။ Facebook ရဲ့ နာမည်ကြီး ဂိမ်းတွေ ဖြစ်တဲ့ FarmVilla, City Villa ဂိမ်းတွေကိုလည်း ကစားနိုင်မယ်။ ဒီနေရာမှာတော့ ကွန်နက်ရှင်က စကားပြောပါတယ်။ ဒါက တစ်ကိုယ်သုံး အတွက် ပြုလုပ်နိုင်တဲ့ထဲက အချက်အချို့ပါပဲ။ စီးပွားရေး လုပ်ငန်းတွေ အတွက်လည်း Facebook မှာ အကောင့်တစ်ခုဆောက်ပြီး သူတို့ရဲ့ လုပ်ငန်း၊ ထုတ်ကုန်တွေကို လူသိများလာအောင် ပြုလုပ်နိုင်ပါတယ်။
ကဲ … ထားပါတော့။ ကျနော်တို့ Facebook အကောင့်တစ်ခုကို စပြီး ဆောက်ကြည့်ရအောင်။ ပထမဆုံး Facebook Account ဆောက်ဖို့အတွက် http://www.facebook.com/ ကို သွားလိုက်ပါ။
ရောက်ပြီဆိုရင် ကျနော်တို့က အသစ်ဆောက်မှာဆိုတော့ အောက်မှာ Form ဖြည့်ကြပါမယ်။ ပုံမှာ နံပါတ်လေးတွေနဲ့ ပြထားပါတယ်။ နံပါတ်တွေထဲ ဘာတွေ ဖြည့်ရမယ်ဆိုတာကို ပြောပြပါမယ်။
၁။ ကိုယ့်ရဲ့ ပထမနာမည်ကို ဖြည့်ပါ။
၂။ ကိုယ့်ရဲ့ ဒုတိယ နာမည်ကို ဖြည့်ပါ။
၃။ ကိုယ့်ရဲ့ Email လိပ်စာကို ဖြည့်ပေးပါ။ ကျနော်တို့ အနေနဲ့ Gmail ကို အသုံးပြုတာများတဲ့ အတွက် Gmail အကောင့်ကို ဖြည့်ပေးရပါမယ်။ (Gmail Account တစ်ခု ဆောက်နည်း ကို ပြောခဲ့ပြီးပါပြီ။)
၎။ အပေါ်က Email ကို ထပ်ဖြည့်ပေးပါ။
၅။ လျှို့ဝှက်နံပါတ်ကို ဖြည့်ပေးပါ။
၆။ ယောက်ျား၊ မိန်းမ ရွေးပေးပါ။
၇။ ၈။ ၉။ ကိုယ့်ရဲ့ မွေးနေ့ကို လ၊ ရက်၊ နှစ် အနေနဲ့ ရွေးပေးပါ။
၁၀။ အားလုံးဖြည့်ပြီးသွားရင်တော့ Sign Up ဆိုတဲ့ အစိမ်းရောင် Button ကြီးကိုသာ နှိပ်လိုက်ပါ။
ဒီနေရာမှာ Form ဖြည့်ပါ

Form ဖြည့်ရမယ့် နမူနာပုံစံ
အပေါ်က Sign Up လုပ်လို့ အဆင်ပြေသွားရင် Setp 1 – Find Your Friends ဆိုတဲ့ နေရာကို ရောက်သွားပါလိမ့်မယ်။ ဒီနေရာမှာတော့ ကိုယ့်မေးလ်ထဲက သူငယ်ချင်းတွေကို ရှာဖွေနိုင်ပါတယ်။ ဒါပေမယ့်လို့လည်း မရှာဘဲနဲ့ ကျော်ပြီး သွားနိုင်ပါတယ်။ အကောင့် ဆောက်ပြီးမှလည်း သူငယ်ချင်းတွေကို ရှာဖွေနိုင်တဲ့အတွက် ကျော်ပြီးသာ သွားလိုက်ပါ။ Skip this step ကို နှိပ်ပါ။
Pic-1
Step 2- Profile Information ကို ရောက်တဲ့အခါ ကိုယ့်ရဲ့ အချက်အလက် အချို့ကို ဖြည့်ပေးနိုင်ပါတယ်။ ဖြည့်ချင်ရင် ဖြည့်၊ မဖြည့်ချင်ရင် ကျော်လိုက်ပါ။ ကိုယ့်က ဖြည့်ထားတယ်ဆိုရင် Save & Continue ကို နှိပ်ပါ။ မဖြည့်ထားဘူးဆိုရင် Skip ကိုသာ နှိပ်လိုက်ပါ။
Pic-2
Step 3 – Profile Picture ကို ရောက်တဲ့အခါမှာတော့ ကိုယ့်အကောင့် အတွက် ပုံကို ရွေးပေးနိုင်ပါတယ်။ ဒါကလည်း အကောင့် ဆောက်ပြီးမှ စိတ်ကြိုက် ဖြည့်လို့ ရနိုင်တဲ့အတွက် ကျော်ခဲ့လိုက်လို့လည်း ရနိုင်ပါတယ်။ တစ်ခါတည်း ရွေးမယ်ဆိုရင်တော့ – ကွန်ပျူတာထဲက ပုံကို ထည့်မှာဆိုရင် အပေါ်က Upload a Photo ကို နှိပ်ပြီး ပုံကို ထည့်ပေးပါ။ Webcam ကနေ ရိုက်ပြီး ထည့်မှာဆိုရင်တော့ဖြင့် အောက်က Take a Photo ကို နှိပ်ပြီး ထည့်ပေးလိုက်ပါ။ နောက်မှထည့်မှာ ဆိုရင်တော့ Skip ကိုသာ နှိပ်ပြီး ကျော်လိုက်ပါ။ ကိုယ်က ပုံထည့်ထားတယ် ဆိုရင်တော့ဖြင့် Save & Continue ကို ရွေးရမှာပေါ့။
Pic-3
အားလုံး ပြီးသွားရင်တော့ဖြင့် Facebook စာမျက်နှာကို ရောက်သွားပါလိမ့်မယ်။ ကိုယ့်ရဲ့ Facebook စာမျက်နှာပေါ့နော်။ ဒီနေရာကို ရောက်သွားရင်တော့ ကျနော်တို့ အနေနဲ့ နောက်တစ်ဆင့် ပြုလုပ်ဖို့ ကျန်ပါသေးတယ်။ ဒါကတော့ ကိုယ့်ရဲ့ မေးလ်ကို သွားဖွင့်ပြီး Facebook က ပို့လိုက်တဲ့ လင့်ခ်ကို နှိပ်ပေးဖို့ပါပဲ။
ဒီလိုပေါ်လာရင် ကိုယ့်ရဲ့ မေးလ်ကို သွားစစ်ပါ။
ကိုယ့်ရဲ့ မေးလ်ကို ဖွင့်လိုက်ရင် Facebook က ပို့လိုက်တဲ့ မေးလ်နှစ်ခုကို တွေ့ရပါလိမ့်မယ်။ ဒီအခါမှာတော့ အောက်က Facebook မေးလ်ကို ဖွင့်ပြီး ဖတ်လိုက်ပါ။
ဒီမေးလ်ကို ဖွင့်ပါ။
ဒီအခါ အပြာရောင် စာတန်း (Link) ရယ်၊ အစိမ်းရောင် Button ကြီး (Complete Sign-up) ဆိုတာရယ်ကို တွေ့ရပါလိမ့်မယ်။ အဲ့ဒီနှစ်ခုထဲက တစ်ခုခုကို သာနှိပ်လိုက်ပါ။
နှစ်ခုထဲက တစ်ခုခုကို နှိပ်ပါ
ဒီအခါမှာတော့ ကျနော့်တို့ အနေနဲ့ Facebook အကောင့်တစ်ခုကို အောင်မြင်စွာ တည်ဆောက်ပြီးသွားပြီလို့ ဆိုနိုင်ပါတယ်။

Profile ပုံပြောင်းနည်း
ကိုယ့်ရဲ့ Profile ပုံကို ပြောင်းလဲဖို့အတွက် ညာဖက် အပေါ်နားက ကိုယ့်ရဲ့ နာမည်ကို နှိပ်လိုက်ပါ။ ဒီအခါ ကိုယ့်ရဲ့ စာမျက်နှာကို ရောက်သွားပါလိမ့်မယ်။
ကိုယ့်ရဲ့ Profile ကို ပြင်ဆင်ဖို့အတွက် ဒီနေရာကို နှိပ်ပါ။
Profile နမူနာပုံပေါ်မှာ +Add Profile Picture ဆိုတာကို တွေ့ပါလိမ့်မယ်။ ဒါလေးကို နှိပ်၊ ကိုယ့်ထည့်ချင်တဲ့ ပုံကို Upload လုပ်လို့ ပုံအသစ် ထည့်သွင်းနိုင်ပါတယ်။ ပြီးတော့ ညာဖက်နားမှာ +Add a Cover ဆိုတာ တွေ့ပါလိမ့်မယ်။ ဒါကတော့ နောက်ခံ ပုံကြီးကို ထည့်သွင်းချင်ပါက ထည့်သွင်းလို့ ရနိုင်တဲ့ နေရာပါပဲ။ အကယ်၍ ထည့်မယ်ဆိုရင်တော့ +Add a Cover ကို နှိပ်၊ ကိုယ့် ထည့်ချင်တဲ့ Cover ပုံကို Upload လုပ်လို့ ထည့်သွင်းနိုင်ပါတယ်။ Cover ပုံရဲ့ ဆိုက်ကတော့ (850 px x 315 px) ပဲ ဖြစ်ပါတယ်။
ဒါကတော့ Profile ပုံပြောင်းဖို့
ဒါကတော့ Profile ရဲ့ Cover ပုံကို ပြောင်းဖို့
Cover ပုံ ပြောင်းတဲ့အခါ ဒီလိုလေး ပေါ်လာရင် Save Changes ကိုသာ နှိပ်လိုက်ပါ။
ကျနော် ပြောင်းထားတဲ့ နမူနာပုံစံပါ။

မျှဝေခြင်း
ကိုယ့်ရဲ့ ဖီလင်တွေကို စာသားအနေနဲ့ မျှဝေမယ်ဆိုရင်တော့ Status ဆိုတာရဲ့ အောက်ထဲက box ထဲမှာ ကိုယ်ရေးချင်တာ ရေးပြီး Okay ဆိုတာ ကိုသာ နှိပ်လိုက်ပါ။
စာသားတွေနဲ့ မျှဝေဖို့ဆိုရင်
ပုံတွေ ဗီဒီယိုတွေကို မျှဝေချင်တယ်ဆိုရင်တော့ Status ရဲ့ ဘေးက Photo ဆိုတာကို နှိပ်ပါ။ ဒီအခါ Upload Photo / Videos, Use Webcam, Create Photo Album ဆိုတာတွေကို တွေ့ရပါလိမ့်မယ်။ ကျနော့် အနေနဲ့ ကတော့ ကွန်ပျူတာထဲက ပုံကို Upload တင်ပါမယ်။ ဒါကြောင့် နံပါတ် ၂ မှာ ပြထားတဲ့ Upload Photo/ Videos ဆိုတာလေးကို နှိပ်လိုက်ပါတယ်။
ပုံတွေနဲ့အတူ မျှဝေချင်တဲ့အခါ
ဒီအခါ ပေါ်လာတဲ့ထဲမှာ အပေါ်မှာ ကိုယ်ရေးချင်တာ ရေး၊ အောက်က Browse ဆိုတာကို နှိပ်ပြီး ကွန်ပျူတာထဲက ပုံကို ရွေးပေးလိုက်ပါ။ ပြီးသွားရင်တော့ Post ဆိုတာကို နှိပ်လိုက်ပါ။
ဒီလိုရွေး၊ ဒီလိုရေး၊ ဒီလိုနှိပ်လိုက်ပါ။
နမူနာ ပုံစံ
ပေါ်လာမယ့် ပုံစံ

သူငယ်ချင်း ရှာပုံ
ကျနော်တို့ အနေနဲ့ သူငယ်ချင်းတွေကို မေးလ်ထဲကနေ ရှာနိုင်ပါတယ်။ ဒါပေမယ့်လို့လည်း ကျနော့် အနေနဲ့ Search ကနေ လွယ်လင့်တကူ ရှာနည်းကို ပြပေးပါမယ်။ ဒီလို လုပ်ဖို့အတွက် အပေါ်နားက Search box ထဲမှာ ကိုယ်ရှာချင်တဲ့ နာမည်တစ်ခုခုကို ရိုက်ထည့်လိုက်ပါ။ (Search Box မပါသည့် စာမျက်နှာကို ရောက်နေပါက Browser ရဲ့ Address Bar တွင် facebook.com ကို ရိုက်ထည့်ပြီး ဖွင့်ပါ။ မှတ်ချက်။   ။ Login ဝင်ထားပြီး ဖြစ်ရပါမည်။)
Pic-1
Search Box ထဲ နာမည်ရိုက်လိုက်တာနဲ့ Facebook မှာ ရှိတဲ့ လူတွေကို ပြပေးပါလိမ့်မယ်။ ဒီအခါ ပေါ်လာတဲ့ထဲက နာမည် တစ်ခုခုကို နှိပ်လိုက်ပါ။ ဒီအခါ သူရဲ့ စာမျက်နှာကို ရောက်သွားပါလိမ့်မယ်။ အဲ့ဒီမှာ ဒီလူဟာ ကိုယ့်ရဲ့ သူငယ်ချင်း မဟုတ်သေးဘူးဆိုရင် +1 Add Friend ဆိုတာကို တွေ့ရပါလိမ့်မယ်။ ကိုယ်က သူငယ်ချင်းအဖြစ် ဖိတ်ချင်ရင်တော့ အဲ့ဒီ button လေးကို နှိပ်လိုက်ပါ။ ဒီလိုနည်းအားဖြင့် သူငယ်ချင်းတွေကို ဖိတ်လိုက်ရစေပါတယ်။
ဒီလောက်ဆိုရင်တော့ အတော်လေး စုံလောက်ပါပြီ။ ကျန်တာတွေ သိချင်သေးရင်တော့ဖြင့် အောက်က Comment ထဲမှာ မေးမြန်းခဲ့နိုင်ပါတယ်။
သူငယ်ချင်းအဖြစ် ဖိတ်ချင်ရင် ဒီနေရာလေးတွေကို နှိပ်ပေးပါ။ ဒီတစ်ယောက်က လက်ခံရင် နောက်များမှာ သူနဲ့ ဆက်စပ်နေတဲ့ သူငယ်ချင်းတွေ ကိုယ့်စာမျက်နှာရဲ့ ညာဖက်အခြမ်းမှာ ပေါ်လာမှာဖြစ်ပြီး အဲ့ဒီမှာပဲ လွယ်လင့်တကူ Add Friend လုပ်နိုင်ပါပြီ။
ဒါက TimeLine စာမျက်နှာမှာ နှိပ်ရမယ့် နေရာပါ။

0 comments:

Post a Comment