Photoshop မသုံးပဲ လှပတဲ့ စာလုံးပုံစံလေးတွေ ဖန်တီးကြမယ်


ကဲ သူငယ်ချင်းတို့ရေ ဒီနေ့တော့ photoshop လေးကို မကျွမ်းကျင်ဘဲ
စာလုံးဒီဇိုင်းလေးတွေ လုပ်ချင်သူတွေအတွက်
နည်းလမ်းလေးတစ်မျိုး ပြောပြပါ့မယ်
လွယ်ကူပါတယ် ဘာမှမခဲယဉ်းဘူး အခုနောက်ပိုင်း အွန်လိုင်း ၀က်ဆိုဒ်
တွေက website တင်မဟုတ်တော့ပါဘူး web application သဘောတွေ
ဖြစ်ကုန်ပါပြီ ၀က်ဆိုဒ်ပေါ်မှာတင် လုပ်ချင်သလို
လုပ်ရအောင် ဖန်တီးတဲ့ခေတ်ဖြစ်နေတော့ ကျွန်တော်တို့
end user တွေအတွက် အရမ်းလွယ်ကူနေပါပြီ
ကျွန်တော်အပေါ်ကပုံစံ စာလုံးလေးတွေ ဖန်တီးထားတာ အရမ်းလွယ်ကူပါတယ်
အရင်ဆုံး http://cooltext.com/ ဆိုဒ်လေးကို သွားလိုက်ပါ
အဲမှာ မိမိ ကြိုက်တဲ့ စာလုံးပုံစံကို ရွေးချယ်ကာ နှိပ်လိုက်ပါ
ဆက်ပြီးတော့ ကိုယ်လိုချင်တဲ့ စာလုံး ရိုက်ထည့်ကာ
အရောင်လေးများ ချိန်ပေးလိုက်ရင်ဖြင့် လှပတဲ့
စာလုံးပုံစံလေးတွေ ဖန်တီးပြီးသား ဖြစ်သွားပါလိမ့်မယ်ခင်ဗျာ
အားလုံးကြိုက်ပြီ နမူနာကိုကြည့်ပြီးပြီဆိုရင်တော့
Create logo ကို နှိပ်၍ ဒေါင်းယူနိုင်ပါသည်။
သို့မဟုတ်လျှင်လည်း နမူနာပြထားသော ပုံကို Right click
နှိပ်ကာ Save image as နဲ့ သိမ်းဆည်းနိုင်ပါတယ်ခင်ဗျာ။
ကြိုက်သလိုမျှဝေနိုင်သည် ခွင့်တောင်းစရာမလိုပါ
သို့သော် စေတနာရှိရင် credit လေးတော့ ပေးသွားပါအုံး
0 comments:
Post a Comment