Our social:

May 21, 2015

Samsung ဖုန်း ဗားရှင်း 4.4.2 အားလုံးကို မြန်မာစာ အလွယ်ထည့်နည်း





Samsung ဖုန်း ဗားရှင်း 4.4.2 အားလုံးကို မြန်မာစာ အလွယ်ထည့်နည်း
 မင်္ဂလာပါခင်ဗျား...
အားလုံးတောင်းဆိုနေကြတဲ့ Samsung ဖုန်း ဗားရှင်း 4.4.2 နဲ့ မြန်မာစာ ထည့်နည်းပါ..။
ပထမကျနော်လည်း တော်တော် ခေါင်းစားခဲ့ရတာ အမှန်ပါ..။ Root Tool ပေါင်းစုံတယ်..
ဘယ်လောက်ထိ ဖြစ်သွားလဲ ဆို အဲလောက်တောင် မရဘူးလားဆိုပြီး ဖြစ်ချင်ရာဖြစ်ဆိုပြီး 
Kingo Root နဲ့ ကစ်ထည့် လိုက်တာ အဟ... ဘယ်ဟုတ်မယ် Samsung Official ဆိုင်ကို 
တက္ကစီ အတင်းငှားပြီး ပြေးလိုက်ရထာ လုံးနေတာပဲ ငေးငေး...။

ဘတ် ၅၀၀ တောင်ပေးခဲ့ရ တော်တော်အထိ နာသွားတယ်.
ဆိုင်ကပြန်ရောက်တော့ စိတ်ထဲ တစ်ခုခုပဲ လိုအပ်နေသလိုဖြစ်နေတော့...
မထူးဘူးကွာ ပြန်လုပ်ကြည့်ပါဦးမယ် ဆိုပြီး...ပြန်ဒုန်းပြန်တယ် ခ်ခ်...။

 တစ်ခါထိထားတော့ အမှတ်ကရှိသား အဟီး...
ကျနော် အွန်လိုင်းတစ်ခွင် လက်လှမ်းမှီသလောက် လောက်ဖတ်တယ် 
ရှာကြည့်တယ်။ ကဲ နောက်တော့လည်း အဆင်ပြေသွားပါပြီခင်ဗျား...။

ကျနော် အဆင်ပြေသွားလို့ ပျော်နေခြင်းကို အားလုံးအတွက် ပြန်လည်မျှဝေချင်တာနဲ့
ဒီပိုစ့်လေးကို တင်ပေးလိုက်ပါတယ်...။
Samsung ဖုန်း ဗားရှင်း 4.4.2 အားလုံးကို မြန်မာစာ အလွယ်ဆုံးထည့်နည်းကို
ကျနော် Video Tutorial လုပ်ပြီး အသေးစိတ်ရှင်းပြထားပါတယ်...။

Admin ကြီးမှာ ဘိုင်ပြတ်လို့ တိုင်ကပ်နေတော့ Tutorial ကောင်းကောင်းလုပ်လို့
ရမယ့် Recording ရှိမနေတော့ သိပ်တော့ အဆင်မပြေ။ ဒါပေမယ့် အကောင်းဆုံးဖြစ်အောင်တော့
ကြိုးစားထားပါတယ်...။ 

ဗွီဒီယို ကြည့်ရထာ ပိုအဆင်ပြေသွားအောင်လို့လည်း Youtube ကနေ
တစ်ဆင့်တင်ပေးထားပါသေးတယ်..။ဒေါင်းလော့ ယူပြီး ကြည့်ချင်တဲ့
 ဘော်ဒါတွေအတွက်လည်း ဒေါင်းလော့လင့် ကျနော် တင်ပေးထားပါတယ်...။

Samsung Version 4.4.2 & Myanmar Font အလွယ်ထည့်နည်း


လိုအပ်မယ့် ဖောင့်၊ ကီးဘုတ် တို့ကို အောက်ကလင့်မှာဝင်ဒေါင်းယူပါ


 Android တွင်ပျော်၍ တော်နိုင်ကြပါစေ
ဘ၀အမောတွေလည်း ပြေနိုင်ကြပါစေဗျာ... 

အဆင်ပြေပါစေ


ညောင်ညိုသားလေးသို့ { ဒီမှာ } သွားလိုက်ပါ



0 comments:

Post a Comment