ကွန်ပျုတာမှာ မလိုအပ်တဲ့ဖိုင်တွေကို auto ရှင်းလင်းနည်း
မသိသေးသူများ အတွက်သာ
အခုနည်းလေးကကွန်ပျုတာရဲ့ လုပ်ဆောင်ချက်တွေကို နှေးကွေးစေတဲ့ မလိုအပ်တဲ့ ဖိုင်တွေ အမှိုက်တွေကို အလိုအလျောက် ရှင်းလင်းနိုင်ရန်ပါ
ပြောရရင်ကျွန်တော်တို့ Temporary Folder တွေကို Auto Delete ပေးတဲ့နည်းဖြစ်ပါတယ်။
Temporary ဆိုတာ ဘာကိုပြောတာလဲဆိုတော့ နားမလည်စိုးလို့ ပြောပြပါမယ်။
ကျွန်တော်တို့ Run ထဲမှာ %temp% လို့ ရိုက်ထည့်ပြီး ဖျက်တဲ့ File တွေကို Temporary လို့ ခေါ်ပါတယ်။ အဲ့လို Temporary တွေ များပြားလာတဲ့အတွက်ကြောင့် စက်ကို လေးလံစေပါတယ်။
အဲ့တာကြောင့် နေ့ တိုင်း Run ထဲမှာ %temp% လို့ ရိုက်ပြီး ဖိုင်တွေဖျက်ရတာပေါ့ဗျာ။
ဒါပေမဲ့ တခါတလေတော့မဖျက်မိတာတို့..မေ့နေတာတို့  ရှိနိုင်တယ်လေ
ဒီနည်းလေးအတိုင်းပြုလုပ်လိုက်ရင်တော့မလိုတဲ့ဖိုင်တွေ နေ့  စဉ်အလိုအလျောက်ရှင်းလင်းသွားမှာဆိုတော့အဆင်ပြေပါတယ်..
2. အောက်ကအတိုင်း အဆင့်ဆင့် နှိပ်သွားပါ။
Computer Configuration ကိုကလစ် >> Administrative Templates >>
Windows Components >> Terminal Services >> Temporary Folder ကိုကလစ်လိုက်တာနဲ့
Do not use temp folder per session နှင့် Do not delete temp folder upon exit
ဆိုပြီ နှစ်ခုတွေ့ရမယ်.
Do not delete temp folder upon exit ကို Right click လိုက်ပါ။
Properties နှင့် Help ဆိုတာပေါ်ပါတယ်။
Properties ကို ကလစ် လိုက်ပါ။
Box တစ်ခု ကျလာမယ်. Setting နှင့် Explain ဆိုပြီးTab နှစ်ခုရှိပါတယ်။
Setting Tab ကိုကလစ်လိုက်ပါ။
Not Configured , Enabled နှင့် Disabled ဆိုတာတွေ့ရပါမည်။
Disabled ကိုကလစ်လိုက်ပါ။
ပြီးရင် Apply ကို နှိပ် Ok ကိုကလစ်လိုက် ရင် အဆင်ပြေပါပြီ။
0 comments:
Post a Comment