Our social:

November 06, 2014

ကွန်ပျူတာမှာ Gmail အကောက်အသစ်တစ်ခုဖွင့်ယူနည်း






ကွန်ပျူတာမှာ Gmail အကောက်အသစ်ဖွင့်နည်း


မင်္ဂလာပါခင်ဗျား...။
Google Gmail Account အသစ်တစ်ခုဖွင့်နည်းကို အားလုံးအတွက် တင်ပေးလိုက်ပါတယ်..။
သိပြီးသား ဘော်ဒါတွေကတော့ ကျော်သွားလိုက်ကြပါ...။
မသိသေးတဲ့ ဘော်ဒါတွေအတွက်ပါ..
ဒီ Gmail ရဲ့သမိုင်းကြောင်းကိုတော့ http://en.wikipedia.org/wiki/Gmail  မှာ လေ့လာကြည့်ပါ။
Third party ကိုအဓိကအခြေခံရေးဆွဲထားတဲ့ ဒီ Gmail ဟာ တကယ့်ကို လူသားအကျိုးပြု
လူသားတွေအတွက် လိုအပ်နေသော Social network integration တစ်ခုဖြစ်သလို
Data တွေကို လုံခြုံစိတ်ချ ပေါ့ပေါ့ ပါးပါးနဲ့ ထိမ်းသိမ်းပေးနိုင်တဲ့ Global Storage အဖြစ်နဲ့
 ဖြည့်ဆည်းပေးနိုင်တဲ့ ကျွန်တော်တို့အတွက် မရှိမဖြစ်တဲ့ အရာတစ်ခုပါ..။


လုံခြုံစိတ်ချရမယ်လို့ ထင်ထားတဲ့ ကွန်ပျူတာတွေလည်း 
ဝင်းဒိုးလှဲမရလို့ Format ချတင်ယူတာမျိုးရှိပါတယ်..။
ဒါဆို ကွန်ပျူတာလည်း မိမိရဲ့ အရေးကြီး Data တွေကို 
အကောင်းဆုံး မထိမ်းသိမ်းပေးနိုင်ပါဘူး..။
(ဒီနေရာမှာ သာမန်ကွန်ပျူတာ user -အနော်တို့လို လူစားမျိုးကို ဆိုလိုပါတယ် 
တကယ့် Pro -Technical တွေကို စိတ်နဲ့တောင် မနှိုင်းရဲပါခင်ဗျား )

ဒီ Gmail ကို ၂၀၀၆ လောက်ကနေ စတင်အသုံးပြုဖူးတာပါ..
ပမထ စသုံးတုန်းက ကိုယ်သိမ်းဆည်းထားခဲ့ဖူးတဲ့ Data တွေဟာ 
အခုချိန်ထိ ပျက်စီးသွားတာမျိုး မရှိဖူးပါ..။ 
သတိရတိုင်း အလိုရှိတိုင်း Sign in လုပ်လိုက်ရုံလေးပါ။

ကျနော်ကတော့ ဒီ Gmail ဟာ တကယ့်ကို ကျွန်တော်တို့ ဘ၀တွေအတွက်
မရှိမဖြစ်တဲ့၊ အသုံးပြုသင့်၊ ရှိထားသင့်၊ ရှိပြီးတော့လည်း၊ အသုံးပြုတတ်အောင်၊ ပြီးတော့
ကိုယ်ရေးကိုယ်တာ အရမ်းအရေးကြီးတဲ့ Data တွေကို သိုလှောင်ထားရန် 
အကောင်းဆုံးနေရာ...ဒီ Gmail ဟာ Reliable & Creditable အကျဆုံး အရာ တစ်ခုဖြစ်တယ်လို့
ထင်ပါတယ်ဗျာ...။
 ဒါကြောင့် မိမိရဲ့ အရေးကြီး Data တွေကို မပျောက်မပျက်ရအောင် သိမ်းဆည်းထားပေးနိုင်တဲ့
ဒီ Gmail ကို အကောက်အသစ်မဖွင့်တတ်သေးတဲ့ ဘော်ဒါတွေအတွက် 
ကွန်ပျူတာကနေ အကောက် အသစ်တစ်ခုကို အလွယ်ကူဆုံး 
ဖွင့်ယူနည်းလေးကို ကျနော် Video Tutorial လုပ်ပြီး တင်ပေးလိုက်ပါတယ်...။

 ကွန်ပျူတာမှာ Gmail အကောက်အသစ်ဖွင့်နည်း





Youtube ကျနေ ကြည်ကြည်လင်လင်လေး
 ကြည့်ချင်ရင်တော့ အောက်ကလင့်မှာ ၀င်ကြည့်ပေးပါ 

How to Create Gamail Account 

အဆင်ပြေပါစေ

ညောင်ညိုသားလေးသို့ { ဒီမှာ } သွားလိုက်ပါ



0 comments:

Post a Comment