Our social:

June 27, 2015

Facebook Messenger သုံးဖို့ Facebook account လိုတော့မည် မဟုတ်ပါ

                                    messenger-sign-up-android

Facebook Messenger ကို သုံးချင်သူများအတွက် Facebook Account ပြုလုပ်စရာမလိုတော့မယ် စနစ်ကို Facebook က အမေရိကန်၊ ကနေဒါနဲ့ ဗင်နီဇွဲလားတို့မှာ မိတ်ဆက်လိုက်ပြီ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့ကပါ။ ယင်းကဲ့သို့ ပြုလုပ်ခြင်းကြောင်း App ကို သွင်းပြီးရင် Install လုပ်တဲ့အခါ Log in with Facebook အပြင် Not on Facebook? ဆိုတဲ့ ရွေးစရာ နှစ်ခုရှိပြီး ကိုယ်က Facebook ပေါ်မှာ မဟုတ်ဘူးလို့ ရွေးရင် account မဖွင့်ခိုင်းပဲ ဖုန်းနံပါတ်နဲ့ Sign up လုပ်ခိုင်းတာမျိုး ဖြစ်ပါတယ်။
ယင်းဟာ လက်ရှိ Viber, Line, WeChat တို့အပြင် အခြားသော Messaging App များက အသုံးပြုနေတဲ့ နည်းလမ်း ဖြစ်ပါတယ်။ ဒီတော့ Messenger App ကို Stand alone ဖြစ်အောင် Facebook က ခွဲထွက်ပြီး တစ်သီးတစ်သန့် သွားစေတော့မယ့် နည်းလမ်း ရှိပါတယ်။ ဒီတော့ ကြော်ငြာ Message တွေ ရောက်လာတာမျိုးလည်း ဖြစ်လာနိုင်ပါတော့မယ်။ ဒီတော့ Facebook အကောင့် မရှိပဲ Messenger ပဲ ရှိတဲ့သူက သူ့ရဲ့ ဖုန်း Contact List ထဲက Messenger သွင်းထားတဲ့ သူများဆီးကို စာပို့နိုင်မှာ ဖြစ်ပြီး Facebook account ဖြင့် app သုံးနေသူများလည်း ဖြစ်နိုင်သလို Messenger ပဲ ရှိသူများလည်း ဖြစ်နိုင်ပါတယ်။
Facebook နဲ့ ချိတ်မထားတာကလွဲလို့ ကျန်တာ အားလုံး အတူတူပါပဲ။ icon လေးတွေ သုံးတာ အပြင် Facebook ကနေ ငွေပေးချေတဲ့ စနစ်ပါ အသုံးပြုလို့ ရတဲ့ နိုင်ငံတွေမှာ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ view profile ကနေ တစ်စုံတစ်ယောက်ရဲ့ Profile ကို ဝင်ကြည့်ချင်တယ်ဆိုရင်တော့ မရတော့ပါဘူး။ အကယ်၍ ကြည့်ချင်တယ်ဆိုရင်တော့ Facebook account ပြန်ဖွင့်ရပါလိမ့်မယ်။ ဖွင့်ပြီးရင်တော့ မိမိ အသုံးပြုနေတဲ့ Messenger က Facebook Account ရဲ့ item တစ်ခုအဖြစ် ပြန်လည် ရောက်ရှိပါလိမ့်မယ်။
အမေရိကန်၊ ကနေဒါနဲ့ ဗင်နီဇွဲလားတို့မှာ စတင် ပြုလုပ်ပြီး အောင်မြင်မှုရပါက ကမ္ဘာအနှံ့သို့ ယင်း Feature ကို ပေးအပ်မှာ ဖြစ်ပါတယ်။ ဒါကြောင့်မို့ ယခုနှစ်အတွင်းပဲ Stand alone Facebook Messenger app ကို အသုံးပြုရနိုင်လောက်မှာ ဖြစ်ပါတယ်။
.
Ref: Mashable


ညောင်ညိုသားလေးသို့ { ဒီမှာ } သွားလိုက်ပါ



0 comments:

Post a Comment