Our social:

June 24, 2015

Lenovo LaVie Z Laptop ရဲ့ အားသာချက် အားနည်းချက် နှင့် အသေးစိတ်ဖော်ပြချက်များ

                      

အားသာချက်
Lenovo LaVie Z laptop သည် အလွန်ပေါ့ပါးမှုရှိပြီး စွမ်းဆောင်ရည်မြင့် ပရိုဆက်ဆာနှင့် USB 3.0 portနှစ်ခုအပြင် HDMI port နှင့် SD card slot လည်း ပါဝင်လာသည်။

အားနည်းချက်
၎င်း laptop သည် အခြားအရည်အသွေးမြင့် laptop များထက် ပိုမိုဈေးနှုန်း မြင့်မားသည်။ ထို့အပြင် LenovoLaVie Z ၏ဘက်ထရီ သက်တမ်းသည် သင့်တင့်ရုံသာရှိသလို ကီးဘုတ်မှာ စာရိုက်ရာတွင်လည်း နာကျင်မှုများ ဖြစ်ပေါ်စေသည်။

အသေးစိတ်ဖော်ပြချက်
Lenovo LaVie Z တွင်ဖန်တီး ပြုလုပ်ထားသော ဒီဇိုင်းသည် အရည်အသွေးမြင့် laptop တစ်လုံးကဲ့သို့ ခံစားရခြင်း မရှိပေ။ Laptop ၏မျက်နှာပြင် အရွယ်အစားမှာ ၁၃ လက်မဖြစ်ပြီး ရုပ်ထွက်အရည်အသွေး 2,560x1,440 ရှိသည်။ Lenovo LaVie Z ၏ အလေးချိန်မှာ ၁.၉ ပေါင် (၀.၈၆ ကီလိုဂရမ်) ဖြစ်ကာ ပဉ္စမမြောက် မျိုးဆက် low-voltage Intel Core i7 ပရိုဆက်ဆာကို အသုံးပြုထားသောကြောင့် ပါးလွှာပေါ့ပါးသော ဒီဇိုင်းကို ပထမဆုံး အကြိမ်အဖြစ် မြင်တွေ့ရခြင်း ဖြစ်သည်။ အဆိုပါ laptop တွင် RAM 8GB နှင့် 256GB SSD တို့ပါဝင်လာပြီး Windows 8.1 (64 bit) ကိုအသုံးပြု ထားသည်။


                     

    ထို့အပြင် Lenovo သည် ကန်ဒေါ်လာ ၁,၆၉၉ တန်ဖိုးရှိ LaVie Z 360 ဟုအမည်ရသော hybrid ထုတ်ကုန်တစ်မျိုးကို ထုတ်လုပ်ထားသည်။ ၎င်းတွင် touchscreen နှင့် Yoga ကဲ့သို့ ၃၆၀ ဒီဂရီ လှည့်နိုင်သော ပတ္တာတစ်ခု ပါဝင်သည်။ အဆိုပါ Z 360 ဗားရှင်းသည် tablet mode အဖြစ်ခေါက်ပြီး အသုံးပြုသည့်အခါ မျက်နှာပြင်ကို လိုအပ်သလောက် လှည့်နိုင်မည် ဖြစ်သည်။

ဘက်ထရီ
Lenovo LaVie Z သည် ဗီဒီယိုများကို ၇ နာရီ ၅၁ မိနစ်ခန့်အထိ ကြည့်ရှုနိုင်သော်လည်း LaVie Z 360 မှာ ဗီဒီယိုများကို ၇ နာရီ မိနစ် ၄၀ သာ ကြည့်ရှုနိုင်သည်။

Internet Journal

ညောင်ညိုသားလေးသို့ { ဒီမှာ } သွားလိုက်ပါ



0 comments:

Post a Comment